“ သုံးခွမြို့နယ်လောကမာရဇိန်ကျောင်းသစ်(ဘ/က)ကျောင်းတွင်စားသုံးသူအသိပညာပေး ဟောပြော”

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနတွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဇွန်လ (၁၀)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် သုံးခွမြို့ နယ် အမှတ်(၃)ရပ်ကွက်ရှိ လောကမာရဇိန် ကျောင်းသစ် (ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်းတွင် စားသုံးသူ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ရာ  ပထမဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ သုတ၊ ရသစာပေအကြောင်းနှင့် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများနှင့် စာဖတ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ ဌာန၏ ဆောင်ရွက်နေသော လုပ်ငန်းများအကြောင်း စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက  တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့် မဖြစ်မနေ ရေးသားဖော်ပြရမည့်အချက်များ ရှင်းလင်းဟောပြောခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်စေရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ ဆရာမ(၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦး စုစုပေါင်း တက်ရောက်အင်အား (၁၂၅)ဦး ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)