
(၁၀.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ဥစားကြက်မွေးမြူရေးကြက်ခြံများသို့ တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖိုးကျော်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေး၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဉီးမျိုးထိုက်ဝင်း၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါက်တာသိမ့်သဉ္ဇာရွှေ၊ လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းမှ ဦးအောင်ငြိမ်းချမ်းထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ကျိုက်စကိုင်းကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာ၊ သောက်လေးချောင်းကျေးရွာရှိ ကြက်ခြံ(၁၁)ခြံအား ကြက်ခြံများတွင် မွေးမြူထား သော ဥစားကြက် အကောင်အရေအတွက်၊ နေ့စဉ်ဥထွက်ရှိနှုန်း၊ ကြက်ဥ(၁)ပိဿာလက်ကား ရောင်းဈေးနှင့်ကြက်စာ ဝယ်ယူသည့်ကုမ္ပဏီ၊ ဒိုင်၊ ကြက်စာအိတ် တစ်အိတ်(၅၀)ကီလိုဂရမ် တန်ဖိုး၊ ဆေးဝါးသုံးစွဲမှုအား အသေးစိတ်မေးမြန်းဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်း စားသုံးသူပြည်သူများ အလွယ်တကူဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)