ဒေးဒရဲမြို့ ချောင်းဖျားကျေးရွာ ကားလမ်းပေါ်ရှိ “အေးချမ်းမိုး” ရေသန့်စက်ရုံသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးကွင်းဆင်းစိစစ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ချောင်းဖျားကျေးရွာ ကားလမ်းပေါ်ရှိ “အေးချမ်းမိုး” ရေသန့်စက်ရုံသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် “အေးချမ်းမိုး” ရေသန့်စက်ရှိ တာဝန်ခံမှ ရေသန့် တစ်နေ့ထုတ်လုပ်မှုအနေဖြင့် 20 Litre ဘူးကြီး (၂၅၀) ခန့် ထုတ်လုပ်ပြီး 1 Litre ဘူးများကို တစ်နေ့လျှင် (၆၀၀၀) ဘူးခန့် ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းဈေးကွက်အနေဖြင့် 20 Litre တစ်ဘူးလျှင် (၁၀၀၀) ကျပ်၊ 1 Litre (၆) ဘူး တစ်ကဒ်လျှင် (၂၅၀၀) ကျပ် ဖြင့် ဒေးဒရဲမြို့တွင်းနှင့် ဖျာပုံမြို့နယ်သို့ အဓိကထား ရောင်းချလျက်ရှိပါသည်။ လုပ်သားအင်အား (၉) ဦးခန့်ဖြင့် လည်ပတ်လျက်ရှိပြီး လုပ်ခလစာအနေဖြင့် (၁၈၀၀၀၀ - ၂၀၀၀၀၀) နှုန်း ပေးချေရပြီး FDA ထောက်ခံချက်နှင့် စက်မှုလိုင်စင်များလည်း သက်တမ်းတိုး လုပ်ဆောင်ထားကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ရေသန့်များ ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုနှင့် စနစ်ကျသော ထုတ်လုပ်မှုများ ဖြစ်စေရန်လိုအပ်ကြောင်း မှာကြားခဲ့ပြီး MSMEs ဖွံ့ဖြိုး တိုးတက်ရေးအတွက်ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)