
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနာဆိုင်ရာများပူပေါင်း၍ မြို့နယ်အတွင်း ဆန်ဆိုင်များအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို (၉-၆-၂၀၂၅)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ်၊ ကမ်းနားလမ်းအတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်စျေးနှုန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိယဦးစီးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ စျေးတာဝန်ခံတို့က မအူပင်မြို့နယ် ကမ်းနားလမ်းနှင့် ရပ်ကွက်များအတွင်းနှင့် မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ပြည်တွင်း စားသုံးဆန်အမျိုးအစားများကို စစ်ဆေးခြင်း၊ ပေါ်ဆန်းအုပ်စု ဆန်ရောင်းချမှု ဈေးနှုန်းများကို မေးမြန်းခြင်း၊ MRF မှ ရည်ညွှန်းဈေးဖြင့် ၈ % နှုန်းဖြင့် ပိုမိုရောင်းချခြင်းမပြုရန် စစ်ဆေးခြင်း၊ ဇွန်လအတွင်းထုတ်ပြန်ထားသော သတ်မှတ်ရည်ညါှန်းဈေးအတိုင်း ရာခိုင်နှုန်းဖြင့် ရောင်းချသွားရန်ကို ကြပ်မတ်ဆောင်ရွက်ခြင်း၊ ဆန်အမျိုးအစားအလိုက် သတ်မှတ်၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် ဆန်များ သိုလှောင်ထားရှိမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)