မအူပင်မြို့နယ်မှ ထုတ်လုပ်သော K & H သဘာဝပြားရည် လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသား စိစစ်တင်ပြခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကို အသုံးပြုနိုင်ရန်အတွက် လုပ်ငန်းရှင်များကို အသိပညာပေးခြင်း၊ ဟောပြောဆွေးနွေးခြင်း၊ ဈေးကွက်အတွင်း ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များရောင်းချနိုင်ရန် စစ်ဆေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်တို့က ကိုယ်တိုင်ထုတ်လုပ်သောကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/ မရှိကို စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် K & H သဘာဝပြားရည်ထုတ်ကုန်  မအူပင်မြို့နယ်မှ ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလာမှုအပေါ် ၉.၆.၂၀၂၅ ရက်နေ့က  စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

               မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက  မအူပင်မြို့နယ်မှ ထုတ်လုပ်သော K & H သဘာဝပြားရည် လုပ်ငန်းမှ လုပ်ငန်းရှင် လျောက်ထားလာမှုကို  ထုတ်လုပ်သူအား စားသုံးသူကာ ကွယ်ရေးဥပဒေ ၂၀၁၉ ဥပဒေပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့် ကုန်စည်နှင့်ပတ်သက်၍ အမိန့်၊ ညွှန်ကြားချက်ပါ အချက်အလက်များကို ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသတ်မှတ်ချက်များ၊ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးခြင်း ကုန်အညွှန်းအမှတ်အသား စိစစ်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းရှင်၏ တံဆိတ်အမှတ်အသား အမျိုးအစား ပုံစံ ၃ခု၊ ကိုယ်တိုင်ရေး တင်ပြလျောက်ထားစာနှင့် အခြားသောအချက်အလက်များကို ပူးတွဲ၍ ဇွန်လအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးသို့  ဆက်လက်တင်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)