စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားနှင့်ပါလိုက်နာရမည့်သိကောင်းစရာ Talk Show ဆောင်ရွက်

Powered by Drupal

            ၉.၆.၂၀၂၅(၁၀:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသားနှင့်ပါလိုက်နာရမည့်သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

             အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနသမိုင်းကြောင်း မိတ်ဆက်ပေးခဲ့ပြီး ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း ပြောကြားခြင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ၏ ကုန်အညွှန်းအမှတ်အသားအကြောင်း ဖော်ပြရမည့်အချက်များနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်တစ်မျိုးခြင်းအလိုက် မဖြစ်မနေဖော်ပြပါရှိရမည့်အချက် အလက်များအကြောင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၇၃ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းသလို စီးပွားရေးလုပ်ငန်းရှင်အတွက် အကျိုးရှိမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား မဖြစ်မနေဖော်ပြပေးနိုင်ပါရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)