Gasi Fier ဆန်စက် လည်ပတ်ပါတ် ကြိတ်ခွဲနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              ၈.၆.၂၀၂၅ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်သာယာ ကုန်းကျေးရွာ ခိုင်ရတနာဆန်စက်အား မအူပင်မြို့နယ် သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးဦစီးဌာနနှင့် မအူပင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ Gasi Fier အသုံးပြုနေမှုကိုကွင်းဆင်းစစ်ဆေးမှုကိုပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

               မအူပင်ခရိုင် အတွင်းရှိ Gasifier ဆန်စက်ရှင်များနှင့် ဦးအောင်ဇော်ဦး ဒုခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံ၍ မအူပင်မြို့နယ်တွင် လည်ပတ်သည့် ဆန်စက် ၂စက်ရှိပြီး ​ လယ်ယာစိုက်ပျိုး​ရေးကို အဓိကထား လုပ်ကိုင်ကြသည့် မြို့နယ်ဖြစ်၍ ယင်းစက်ဆို့ ကြိတ်ခွဲရာမှ စပါးခွံ တန် ၂၀၀၀ ခန့်ပျမ်းမျှထွက်ရှိပြီး ဆန်စက်များအနေဖြင့်  Gasifier အသုံးပြုလည်ပတ်၍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပြီး Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဆန်စက်မှ ရေစစ်ကန်ပြုလုပ်ထားရာ ရေလမ်းကြောင်း စတစ်တကျဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ ဆန်စက်ကြိတ်ခွဲလည်ပါတ်နေမှုနှင့် ဆန်စက်ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)