ဒစ်ဂျစ်တယ်ချိတ်ဆက်မှုအရှိန်မြှင့်တင်ရန် ဂျပန်နည်းပညာလုပ်ငန်းများနှင့် ကမ္ဘောဒီးယားဝန်ကြီး Chea Vandeth တွေ့ဆုံ

Powered by Drupal

            ကမ္ဘောဒီးယားစာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီး Chea Vandeth သည် ကိုယ်စားလှယ်အဖွဲ့ကိုဦး‌ဆောင်၍ ထိပ်တန်းဒစ်ဂျစ်တယ်နည်းပညာကုမ္ပဏီ ခန့်မှန်း ၁၃၅ ခုနှင့် ဂျပန်နိုင်ငံတိုကျိုနှင့် အိုဆာကာမြို့တို့တွင် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ဂျပန်-ကမ္ဘောဒီးယား အသင်းနှင့် ဂျပန်အခြေစိုက်လုပ်ငန်း Next Make တို့ကကြီးမှူးကျင်းပသည့်ထိုအစည်းအဝေးများသည် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကမ္ဘောဒီးယား၏ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး ကနဦးဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထိုအစည်းအဝေး များ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားကျောင်းသားများအား ဂျပန်၏နည်းပညာကဏ္ဍ တွင် လုပ်ကိုင်နိုင်ရန်အခွင့်အလမ်းပံ့ပိုးပေးမည့်  Japanese IT Pathway programme အကောင် အထည်ဖော်မှုအားကောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထိုပရိုဂရမ်အောက်တွင် တတိယ နှစ်နှင့် စတုတ္ထနှစ်တက္ကသိုလ်ကျောင်းသားများအား ဂျပန်ဘာသာနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု နှစ်ခုစလုံးလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အောင်မြင်စွာပြီးမြောက်ပါက ဂျပန်တွင် လုပ်ကိုင်ရန် အခွင့်အလမ်းရရှိမည်ဟု သိရပါသည်။ အစည်းအဝေးအတွင်း Chea Vandeth သည် ကမ္ဘော ဒီးယား၏ တရားဝင်အချက်အလက်တိုက်ဆိုင်စစ်ဆေးခြင်းပလက်ဖောင်းဖြစ်သည့် VERIFY.GOV.KH ကိုမိတ်ဆက်ခဲ့ပြီး ဂျပန်လုပ်ငန်းများကိုလည်း နယ်စပ်ဖြတ်ကျော်လုပ်ငန်းစဉ် များတွင် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ယုံကြည်မှုရှိရန် အားထုတ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ထို ပလက်ဖောင်းကိုအသုံးပြုရန်တိုက်တွန်းခဲ့ကြောင်းသိရပါသည်။ ဆက်လက်၍ ဝန်ကြီးက ထိုကုမ္ပဏီများအား ကမ္ဘောဒီးယား၏ကြီးထွားလာသောဒစ်ဂျစ်တယ်ဂေဟစနစ်တွင် အထူးသဖြင့် နည်းပညာမြင့်လုပ်ငန်းများကို ပံ့ပိုးပေးရန်နှင့် ဆွဲ‌ဆောင်ရန် ဒီဇိုင်းဆွဲထားသော နိုင်ငံ၏ ဒစ်ဂျစ်တယ်ဇုန်တွင် ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ Japanese IT Pathway programme သည် စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Next Makeကြား ပူးတွဲကနဦးဆောင်ရွက်မှုပရိုဂရမ်ဖြစ်ပြီး ကမ္ဘောဒီးယား၏ထွန်းသစ်စနည်းပညာပင်ကိုယ် စွမ်းရည်နှင့် ဂျပန်၏ အဆင့်မြင့်ဒစ်ဂျစ်တယ်ကဏ္ဍကြားချိတ်ဆက်ရန်အတွက် အဓိကမဟာ ဗျူဟာအဖြစ် ရှုမြင်ကြကြောင်း သိရပါသည်။

 

Khmer Times

DOCA (ရန်ကုန်)