ကမ္ဘောဒီးယား၏ ဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှုအလားအလာအားရယူရန် ဂျပန်လုပ်ငန်းများအား တိုက်တွန်း

Powered by Drupal

             ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်မှုကောင်စီ ဒုတိယ ဥက္ကဌ တစ်ဖြစ်သူ Sun Chanthol သည် အဓိကဂျပန်ကုမ္ပဏီများမှခေါင်းဆောင်များနှင့် မေလ တိုကျိုမြို့တွင်တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ထိုအစည်းအဝေးကို ဝန်ကြီးချုပ် Hun Manet ၏ မေလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ အလည်အပတ်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေ ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အစည်းအဝေးတွင် Chanthol က များစွာသော အဓိက ကဏ္ဍများတွင် ကမ္ဘောဒီးယား၏ရင်းနှီးမြှုပ်နှံမှုအလားအလာကို အသားပေးပြောကြားခဲ့ပြီး နိုင်ငံ တွင်းရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းများကိုရှာဖွေရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် ဂျပန်မှရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Chanthol က သင့်လျော်သောအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၏ပံ့ပိုးမှုဖြင့် ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ကုန်ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရန် ခေတ်မီပြီး ထိရောက်သောနည်းပညာများ သုံးစွဲမှုအပေါ် ကမ္ဘောဒီးယား၏ ကြိုဆိုမှုနှင့်ပတ်သတ်၍ အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Chanthol က ဂျပန်ရင်းနှီးမြှုပ်နှံသူများအား one-plus-one ဗျူဟာမှတစ်ဆင့် ၎င်းတို့၏ ကုန် ထုတ်လုပ်မှုလုပ်ငန်းစဉ်များတိုးချဲ့ရာတွင် ကမ္ဘောဒီးယားအားအဓိကဦးစားပေးရန် တိုက်တွန်း ခဲ့ကြောင်း သိရပါသည်။ ထိုဗျူဟာတွင် Thailand-plus-one၊ China-plus-one နှင့် Vietnam-plus-one မော်ဒယ်များပါဝင်ပြီး ဒေသတွင်းကုန်ထုတ်နိုင်စွမ်းရည်ကိုချိတ်ဆက်ရန်အတွက် ကမ္ဘောဒီးယား၏အလားအလာကို ခြေကုပ်ယူပေးနိုင်ကြောင်း သိရပါသည်။

Khmer Times

DOCA (ရန်ကုန်)