အလားအလာရှိသောကဏ္ဍများတွင် ဂျပန်လုပ်ငန်းများနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည့် ကမ္ဘောဒီးယား

Powered by Drupal

             ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် မေလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၎င်း၏ ဂျပန်သို့အလည်အပတ်ခရီးစဉ်အတွင်း အာရှအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး ဘဏ်၏ ဥက္ကဌ Jin Liqun နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးအတွင်း Jin က ကမ္ဘောဒီးယား၏လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုကို ချီးမွမ်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ် Hun Manet ၏ဦးဆောင်မှုအောက်တွင် ကမ္ဘောဒီးယား၏စီးပွားရေးသည် ဆက်လက်ကြံကြံခံနိုင်ကာ အားကောင်းစွာကြီးထွားမည်ဟု မှတ်ချက်ပြုခဲ့ပါသည်။ ဥက္ကဌက AIIB ၏ဆောင်ရွက်မှုများနှင့် လုပ်ငန်းစဉ်များကို အသားပေးပြောကြားခဲ့ပြီး စွမ်းအင်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်မှု တို့ပါဝင်သည့် များစွာသောအဓိကကဏ္ဍများတွင် ကမ္ဘောဒီးယားနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ ရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဥက္ကဌက နိုင်ငံ၏ကြံကြံခံနိုင်စွမ်းနှင့် စဉ်ဆက်မပြတ်ကြီးထွားရေးတွင်ကူညီရန် အခြေခံအဆောက်အအုံတည်ထောင်ရေးတွင် ပံ့ပိုးပေး ရန် AIIB ၏ အဆင်သင့်ဖြစ်နေမှုကို အတည်ပြုပြောကြားခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ကြံ့ကြံခံနိုင်ပြီး စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအရှိန်မြှင့်တင် ရာတွင် AIIB ၏ စိတ်ဝင်စားမှုကိုကြိုဆိုကြောင်းနှင့် နိုင်ငံနှင့် ပြည်သူများအတွက် အောင်မြင်မှု အသစ်များ တည်ထောင်ရန်အတွက် အစိုးရ၏ အာရုံစိုက်မှုနှင့်ပတ်သတ်၍ အသားပေးပြောကြား ခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဝန်ကြီးချုပ်က နိုင်ငံ၏ လူမှုစီးပွားတိုးတက်မှု အဆင့်မြှင့်တင်ရန် အတွက် မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကမ္ဘောဒီးယား၏ တံခါးဖွင့်လှစ်ထားမှုကို ထပ်မံအတည်ပြုခဲ့ပြီး AIIB အား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အသေးစိတ်နက်ရှိုင်းစွာဆွေးနွေးရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

Khmer Times 

DOCA (ရန်ကုန်)