
(၃၀.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ် ခွဲတာဝန်ခံပါ (၂)ဦးတို့သည် တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်တွင် စားသုံးသူပြည်သူများစားသုံးသူ အခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် ကုန်စည်များမှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင်ရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးမှ စားသုံးသူရေးရာဉီးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများရှိကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ Consumer Cell Center (၁၅၃၅)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)