
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမီတက် (MITS)၊ မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် DOT အဖွဲ့တို့သည် (၃.၆.၂၀၂၅) ရက်နေ့က ရန်ကုန်- ပုသိမ်လမ်း၊ဆားမလောက်ကျေးရွာ၊ ညောင်တုန်းမြို့နယ်ရှိ မိုင်တိုင် (၂၃)တွင် တည်ရှိသော Good Brothers' Co.,Ltd Myanmar White Rice 10% Broken Sinthukha (WMDPS) 702 MT သို့ သွားရောက်၍ ပို့ကုန်လျောက်ထားမှုအပေါ် မြေပြင်တွင် အမှန်တကယ် သိုလှောင်ထားရှိမှုရှိ/ မရှိ အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက ညောင်တုန်းမြို့နယ် Goodbrother ကုမ္ပဏီမှ ပို့ကုန်လိုင်စင် လျှောက်ထားသည့် ဆင်းသုခ ဆန်သတ်မှတ်အရည်အသွေးနှင့်အညီ သိုလှောင်ထားရှိမှု ဆန်စက်သိုလှောင်ရုံများတွင် ဆန်နှင့် ဆန်ကွဲပြင်ဆင်ထားရှိမှု စနစ်တကျသိုလှောင်ထားရှိမှု ဖြစ်ပေါ်စေရန်နှင့် လိုင်စင်လျှောက်ထားသည့် ဆန်/ ဆန်ကွဲအမျိုးအစား၊ ဆန်တန်မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)