ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကျင်းပ

Powered by Drupal

           မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂-၆-၂၀၂၅) ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမများ၌ ကျင်းပခဲ့ပါသည်။

             အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး  Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှု၊ ဥပဒေပါစားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူတို့၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့  ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)