ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်

Powered by Drupal

            မေလ ၂၉ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများ နှင့် အမှုထမ်းများ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

            အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင်  ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲကို လစဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းရေးရာကိစ္စရပ်များကို အချိန်နှင့် တပြေးညီ တင်ပြပေးစေလိုကြောင်း၊ အသစ်ခန့်အပ်ထားသော ဝန်ထမ်းများအား ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ သင်ကြားပေးရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းနှစ်တိုးဆိုင်ရာကိစ္စရပ်များ အလေးထားဆောင်ရွက်ကြရန် ပြောကြားခြင်း၊ စီမံရေးရာ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းမှ ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုလ၏ အကြိုတင်ပြချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်၊၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ အလှည့်ကျ မိမိတို့လုပ်ငန်းဆောင်ရွက်နေမှုအပေါ် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ တင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA) ဧရာဝတီ