မြန်မာနိုင်ငံစားသုံးသူကော်မရှင် (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဧရာဝတီတိုင်းဒေသကြီးမှ တက်ရောက်

Powered by Drupal

            နေပြည်တော် ရုံးချုပ် ရုံးအမှတ်၅၂တွင် ဇွန်လ ၃ရက်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထွန်း၊ ဒုတိုင်းဦးစီးမှူး ဒေါ်လှလှမော်၊ စားသုံးသူရေးရာဌာနခွဲမှူးနှင့်ဝန်ထမ်းများ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဝင်များ virtual တက်ရောက်ခဲ့ပါသည်၊၊

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံမှ အဖွင့်အမှာစကားပြောကြား၍ စာသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရန် ငွေကြေးလိမ်လည်မှုများဖြစ်ပေါ်လျက်ရှိသည့် အတွက် online အသိပညာ ပေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားရန် တိုင်း/ပြည်နယ်အစိုးရအဖွဲ့မှ စားသုံးသူရေးရာ ကော်မတီအစည်းအဝေးများ လစဉ်ပြုလုပ်နေခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်၊၊

            စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူုးချုပ်က ယခင်အပတ် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ၁/၂၀၂၅ အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင် အတည်ပြုထားရှိမှု ဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် အမှစာ ၉ ရပ်ဖြင့် တင်ပြမှုများအား ပြောကြားခဲ့ပါသည်၊၊

            ဆက်လက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး တိုင်း/ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်မှုများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌအား တင်ပြခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ရန်ကုန်)