ဟင်္သာတမြို့နယ် အခွန်လွတ်ဈေးတွင် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ လက်သမားရပ်ကွက်ရှိ အခွန်လွတ်ဈေး၌ ၂၀၂၅ ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟင်္သာတခရိုင်/မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျ ဆင်းရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့ နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော် ပါဝင်သောအဖွဲ့သည် အခွန်လွတ်ဈေးတည်ဆောက်ထားမှု အခြေအနေ၊  ဈေးပတ်ဝန်းကျင် သန့်ရှင်းမှုရှိ/ မရှိ၊ အခွန်လွတ်ဈေးအတွင်းရောင်းချသည့် အစားအသောက်များတွင် တာရှည်ခံ ဆေးများ၊ ဓါတုဆိုးဆေးများသုံးစွဲမှု ရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေ စသည်တို့ကို ရှောင်တခင် စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးသူတို့ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်း၊ ဓါတုဆိုးဆေး သုံးစွဲထားသော ကုန်စည်များ ရောင်းချမှုမရှိကြောင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာလည်း မြှင့်တင်ရောင်းချမှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ မိုးဦးကာလဖြစ်သည့်အတွက် ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်  ပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ အမှိုက်များ အား စနစ်တကျ စွန့်ပစ်စေခြင်း၊ စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး စသည်တို့ကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း အရောင်းဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ