ပီရူးနိုင်ငံ၏စီးပွား‌ရေးသည် ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ၃.၉ ရာခိုင်နှုန်းတိုးတက်လာ

Powered by Drupal

              ပီရူးနိုင်ငံ၏ စီးပွားရေးသည် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် သတ္တုတူးဖော်ရေးတို့တွင် တိုးတက်လာမှု၏ မောင်းနှင်အားကြောင့် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ၃.၉ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း မေလ ၂၃ ရက်နေ့စာရင်းအင်းနှင့် သတင်းအချက်အလက်သိပ္ပံ (INEI) ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ INEI ၏ ပီရူးစီးပွားရေး‌ဆောင်ရွက်မှုအစီအရင်ခံစာအရ ပြည်တွင်းဝယ်လိုအား ၄.၄ ရာခိုင်နှုန်းတိုးလာသဖြင့် တိုးတက်မှုနှုန်းမှာ စုစုပေါင်းပုံသေရင်းနှီးမြုပ် နှံမှ ၉.၇ ရာခိုင်နှုန်းနှင့် စုစုပေါင်းသုံးစွဲမှု ၃.၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ရာသီအလိုက်ချိန်ညှိ ထားသော GDP သည် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ စပျစ်သီး၊ သဘာဝဓာတ်ငွေ့၊ ငါးအသားလွှာနှင့် ဇင့် ကဲ့သို့သော ကုန်ပစ္စည်းများ ဦးဆောင်မှု ကြောင့် နိုင်ငံ၏ကုန်စည်နှင့်ဝန်ဆောင်မှုတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၂ ရာခိုင်နှုန်း မြင့် တက်လာခဲ့သည်။ မော်တော်ယာဉ်များ၊ စက်ယန္တရားများ၊ စက်သုံးဆီနှင့် စက်မှုကုန်ပစ္စည်းများ ဝယ်ယူမှုတိုးလာခြင်းကြောင့် သွင်းကုန်တင်သွင်းမှုမှာ ၁၅.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ စိုက်ပျိုးရေး၊ ငါးဖမ်း၊ သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကူးသန်းရောင်း ဝယ်‌ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်‌ရေးနှင့် စီးပွားရေးဝန်ဆောင်မှုများ အပါအဝင်ကဏ္ဍ များစွာတွင်လည်း ထင်ရှားသောတိုးတက်မှုကို တွေ့မြင်ခဲ့ရသည်။

Source : Xinhua

DOCA(ရန်ကုန်)