
၂၇.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်သူရအောင်၊ အကြီးတန်းစာရေးတို့ ပူးပေါင်းပါဝင်လျက် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁၄၇)၊ R-10၊ (၁၀)လမ်း၊ ဇေကမ္ဘာစက်မှုဇုန်၊ Myanmar Lion စက်ရုံ၌ ထုတ်လုပ်လျက်ရှိသော လက်ဖက်ရည် နှင့်ကော်ဖီအမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေး ဆွေးနွေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် Myanmar Lion စက်ရုံမှ စက်ရုံမှူး ဦးရဲကိုကိုကျော်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့် ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားနှင့်ပတ်သက်သည့် အချက်များ၊ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၇)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)