
၂၆.၅.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၄)ဦးတို့သည် အမှတ်(၄၀၅/ ၄၀၆)၊ ရွှေရင်အေးကျောင်းလမ်း၊ စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ရှိ ဖိုးဝ ပေါင်ဒါအမွှေးခဲလုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
ထိုသို့ဆွေးနွေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးဇော်ဇော်အောင်၊ ဒုဦးစီးမှူး၊ ဖိုးဝပေါင်ဒါအမွှေးခဲလုပ်ငန်းမှ တာဝန်ခံ ဦးထွန်းထွန်းတို့ပါ (၅)ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ ပုဒ်မ (၆၇)အရ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်) ရောင်းချခြင်း မပြုလုပ်ရသည့်အချက်များ၊ ပုဒ်မ (၆၈)တွင် ပုဒ်မ (၄၃)ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် ပုဒ်မ (၇၃)အရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်နိုင်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ (၅)ဉီးတက်ရောက်ခဲ့ပြီး (၁၄:၅၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)