ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၄၀၅/ ၄၀၆)၊ ရွှေရင်အေးကျောင်းလမ်း၊  စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)ရှိ ဖိုးဝပေါင်ဒါ အမွှေးခဲလုပ်ငန်းသို့ (၂၆.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဉီးစီးမှူး ဉီးဇော်ဇော်အောင်မှ ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော ဖိုးဝအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ပေါင်ဒါအမွှေးခဲသနပ်ခါးဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ပြောကြာခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)