အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

        (၂၆.၅.၂၀၂၅) ရက်နေ့၊ နေလယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အသင့်စားမုန့်အမျိုးမျိုးအားရောင်းချသည့် ကုန်စုံဆိုင်(ရ)ဆိုင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုရှိ/ မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ အသင့်စားမုန့်အမျိုးမျိုးအား စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် မုန့်များကိုသာရောင်းချသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ရန်ကုန်)