ဗီယက်နမ်နှင့် နယူးဇီလန်တို့ သစ်ကုန်သွယ်ရေးမိတ်ဖက်ဖွဲ့မှုတိုးချဲ့

Powered by Drupal

          နယူးဇီလန်သစ်တောနှင့်ကုန်သွယ်ရေးဝန်ကြီး Todd McClay က ဗီယက်နမ်သို့ သစ်တင်ပို့မှုအရှိန်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကြား သစ်တောကဏ္ဍတွင် အလားအလာရှိသော ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားရန် အပြန်အလှန်သဘောတူညီချက်ရယူခဲ့ကြောင်း မေလ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။ သဘောတူညီချက်အောက်တွင် နယူးဇီလန်၏ radiata pine သစ်သည် ဗီယက်နမ်၏ပေါ်ထွက်လာသော သစ်ဆောက်လုပ်ရေးစံနှုန်းများ အောက်တွင် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသောဗီယက်နမ် ဈေးကွက်တွင် ဈေးကွက်ဝင်ရောက်ရာလမ်းကြောင်းအတွင် လမ်းဖွင့်ပေးနိုင်မည်ဟု သိရပါသည်။ ဝန်ကြီးက သဘောတူညီချက်သည် အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံထိကြီးထွားရေးအတွက် မောင်းနှင်ပေးနိုင်ရန်မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ McClay က ဗီယက်နမ်၏စီးပွားရေးသည်လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်တွင်နှစ်ဆကြီးထွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဝင်ငွေရရှိမှုကြီးထွားမှုတွင် ဦးဆောင်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးဆောင်ရွက်မှုကိုလှုံ့ဆော်အားပေးစေလာနိုင်ပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအတွက်ဝယ်လိုအားမြင့်လာနိုင်ခြင်းက နယူးဇီလန်သစ်ကဏ္ဍအတွက် အခွင့်အလမ်းများဆက်လက်ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသဘောတူညီချက် သည် နိုင်ငံ၏သစ်တင်ပို့မှုအလားအလာကိုအရှိန်မြှင့်တင်ပေးနိုင်ပြီး လာမည့်ဆယ်နှစ်အတွင်း တင်ပို့မှုတန်ဖိုးကို နှစ်ဆအထိမြှင့်တင်ပေးနိုင်ရန်ကူညီပေးနိုင်ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)