နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကမ္ဘောဒီးယားတံခါးဖွင့်ထားကြောင်း ဝန်ကြီးချုပ် ပြောကြား

Powered by Drupal

            ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် နိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအားကြိုဆိုကြောင်းနှင့် တော်ဝင်အစိုးရသည် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို အရှိန်မြှင့်တင်ရန် အာမခံကြောင်း ပြောကြားခဲ့ပါသည်။ Sihanoukville အထူးစီးပွားရေးဇုန်(SSEZ) တွင် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ ၂၀၀ ရရှိသည့် ပွဲအခမ်းအနားတွင် Manet က နိုင်ငံ၌ တရုတ်၊ အမေရိကန်၊ ပြင်သစ်နှင့် ဂျပန်အစရှိသည့် စက်ရုံများ ရင်းနှီးမြှုပ်နှံလျှက်ရှိကြောင်းနှင့် အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်သွားမည်ဖြစ်ကာ ပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် အလုပ်အကိုင်ရရှိမှုနှင့် လူနေမှုဘဝ မြင့်တက်စေရန်အတွက် တော်ဝင်အစိုးရသည် နိုင်ငံ အားလုံးအတွက် နိုင်ငံခြားရေးမူဝါဒစံနှုန်း တစ်ပြေးညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါ သည်။  SSEZ တည်ထောင်မှုနှင့်ပတ်သတ်၍ ဝန်ကြီးချုပ်က ဇုန်သည် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတွင် မြင့်မားစွာပူးပေါင်းပါဝင်နေကြောင်း ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ၂ ခုတွင် SSEZ သည် နိုင်ငံ၏စီးပွားရေးဆက်လက်အရှိန်မြှင့်တင်ရန်အတွက်  ကုမ္ပဏီပေါင်း ၂၀၀ ကျော်အား ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဇုန်၏ ပိုကုန်သွင်းကုန်တန်ဖိုးသည် စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် တွင် SSEZ ရှိလုပ်ငန်းများ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၀၇ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၂၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Khmer Times 

DOCA (ရန်ကုန်)