
(၂၇.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်မှစ၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင် များအသင်းမှ (၃)ဦးတို့လိုက်ပါလျက် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဈေးအတွင်းရောင်းချနေသော လက်လီအရောင်းဆိုင်ပိုင်ရှင် ဦးအောင်မျိုးဝင်းအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချပေးပြီး ရရှိသောစားအုန်းဆီခွဲတမ်းကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျစာအုပ်စနစ်ဖြင့် အလေးချိန်မှန်ကန်စွာစားသုံးသူပြည်သူများထံသို့ စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)