အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

      (၂၆.၅.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ဗိုလ်တထောင် ခရိုင်၊ သာကေတ မြို့နယ်ရှိ အသင့်စားမုန့်အမျိုးမျိုးအားရောင်းချသည့် ကုန်စုံဆိုင်(ရ)ဆိုင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

    အဆိုပါ အသင့်စားမုန့်အမျိုးမျိုးအား စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက် များပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိသည့် မုန့်များကိုသာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ရန်ကုန်)