
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တယာ City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၂၃.၅.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တယာ City Mark ရှိ သောက်ရေ သန့် အမျိုးမျိုးဖြစ်သော Designer ၊ TOURIST ၊ Max ၊ ALPINE ၊ စသည့် သောက်ရေသန့်အမျိုး မျိုးမှာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆိုင်မှ ဝန်ထမ်းများကို စားသုံးသူများအား သတင်းအချက်အလက်များအပြည့်အဝပေးခြင်း ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(ရန်ကုန်)