
ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်၊ Oral ဒေသတွင် ဘိလပ်မြေစက်ရုံသစ်ကို ဝန်ကြီးချုပ် Hun Manet က မေလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် တရားဝင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ The Conch KT Cement (Phnom Penh) ကုမ္ပဏီလီမိတက်သည် စက်ရုံသစ် အတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး နှစ်စဉ်ဘိလပ်မြေတန်ချိန် ၂.၂ သန်း ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ ထိုစက်ရုံသစ်သည် တိုက်ရိုက်အလုပ်အကိုင် ၄၅၀ နှင့် သွယ်ဝိုက်အလုပ်အကိုင် ၁၀၀၀၀ ပတ်လည် ဖန်တီးပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ၎င်းသည် Conch Group ၏ ကမ္ဘောဒီးယားတွင် ဒုတိယမြောက် အကြီးစား ဘိလပ်မြေစက်ရုံ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သိရပါသည်။ ပထမတစ်ခုမှာ Conch Internal Holding(HK) Limited နှင့် ပြည်တွင်းမိတ်ဖက်တို့က ၂၀၁၈ ခုနှစ်တွင် ပူးတွဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်တန်ချိန် ၂ သန်းထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ် Hun Manet က စက်ရုံသစ်သည် ကမ္ဘောဒီးယား၏ ဘိလပ်မြေထုတ်လုပ်နိုင်စွမ်းကို သိသာစွာအရှိန်မြှင့်တင် ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံအားပြည်တွင်းလိုအပ်ချက်ပြည့်မီရန် ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ ပါသည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်က ပြည်တွင်းထုတ်ဘိလပ်မြေကုန်ကျစရိတ် လျှော့နည်းရန်နှင့် ဆောက်လုပ်ရေးကဏ္ဍကိုပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ဘိလပ်မြေစက်ရုံများ အတွက် အခွန်ကင်းလွတ်ခွင့်ကို ၅ နှစ် သက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း သိရပါသည်။ ကမ္ဘော ဒီးယားသည် ယခုအခါ နှစ်စဉ်တန်ချိန် ၁၁ သန်းထုတ်လုပ်နိုင်စွမ်းရှိသည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၁ ဘီလီယံတန်ဖိုးရှိသော ဘိလပ်မြေစက်ရုံ ၆ ခုကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။
Khmer Times
DOCA (ရန်ကုန်)