
ထရမ့်အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘောဒီးယားသွင်းကုန်များအပေါ် အကောက်ခွန် ၄၉ ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေညာထားသော်လည်း နိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် မှုမှာ ကျဆင်းမည့်လက္ခဏာပြသခြင်းမရှိကြောင်း သိရပါသည်။ တရုတ်လုပ်ငန်းဖြစ်သည့် Wanli Tire သည် တရုတ်နိုင်ငံပြင်ပ ပထမဆုံးစက်ရုံအဖြစ် Bavet တွင် အမေရိကန်ဒေါ်လာသန်း ၅၀၀ တန်စက်ရုံသစ်ကို ဇန်နဝါရီလက ပဏ္ဍပ်ရိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီက ထိုစက်ရုံသည် တစ်နှစ်လျှင် တာယာ ၁၀ သန်းကျော်ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ကြေညာခဲ့ပါ သည်။ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)၏ ဒုတိယဥက္ကဌတစ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Sun Chanthol က Wanli Tire ၏ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံသို့ တရုတ် ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန် ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။ ဧပြီလ ၉ ရက်နေ့တွင်လည်း တရုတ်ကုမ္ပဏီတစ်ခုသည် ကမ္ဘောဒီးယား၏ပထမဆုံး ရေနံသန့်စင်စက်ရုံကိုတည်ဆောက်မည် ဟု ကြေညာခဲ့ပါသည်။ ထို့ပြင်ထိုလနောက်ပိုင်းတွင် လည်း တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် Sihanoukville အထူးစီးပွားရေးဇုန်တွင် မော်တော်ယာဉ်တပ်ဆင်သည့်စက်ရုံအတွက် ပဏ္ဍပ်ရိုက်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရပါ သည်။ တစ်နှင်လျှင် မော်တော်ကား အစီးရေ ၁၀၀၀၀၀ ကျော်ထုတ်လုပ်နိုင်စွမ်းရှိသည့် ထိုစက်ရုံ တည်ဆောက်မှုသည် အောက်တိုဘာလတွင် ပြီးမြောက်နိုင်ပီး ပထမဆုံးလျှပ်စစ်ကားများကို နိုဝင်ဘာလအစောပိုင်းတွင် တပ်ဆင်နိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ကမ္ဘောဒီးယား၏ တိုးတက်လာသောရင်းနှီးမြှုပ်နှံမှုဝန်းကျင်သို့ နိုင်ငံခြားမတည်ငွေဝင်ရောက်မှုမှာလည်း အားကောင်းလျှက်ရှိကြောင်း သိရပါသည်။ ဧပြီလ တစ်လတည်းတွင် CDC သည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၆၀ သန်းတန်ဖိုးရှိသော ရင်းနှီး မြှုပ်နှံမှုစီမံကိန်း ၅၉ ခုကိုခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားတွင် ထိပ်တန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၅၈ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါသည်။ တရုတ်သမ္မတ Xi Jinping ၏ ဧပြီလက အလည် အပတ်ခရီးစဉ်တွင်လည်း နှစ်ဖက်စလုံးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး များစွာသောသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။
Khmer Times
DOCA (ရန်ကုန်)