Royal Group ၏ အထူးစီးပွားရေးဇုန်များကအလုပ်အကိုင် ၅၀၀၀၀ ကျော်ဖန်တီးပေးနိုင်

Powered by Drupal

            ကမ္ဘောဒီးယားနိုင်ငံ Royal Group ၏ အထူးစီးပွားရေးဇုန်နှစ်ခုဖြစ်သည့် Royal Group Phnom Penh အထူးစီးပွားရေးဇုန်(RGPPSEZ) နှင့် အသစ်တည်ထောင်ထားသည့် Royal Group Kandal အထူးစီးပွား‌ရေးဇုန် (RGKSEZ) သည် အလုပ်အကိုင် ၅၀၀၀၀ ကျော် ဖန်တီးပေးနိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ခန့်အပ်နိုင်မှုအတွက် ဇုန်၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလထိ တွင် RGPPSEZ သည် အလုပ်အကိုင် ၄၈၇၃၀ ဦးနှင့် RGKSEZ သည် အလုပ်အကိုင် ၂၀၁၆ ဦး ခန့်အပ်ထားကာ စုစုပေါင်းလုပ်သား ၅၀၇၄၆ ဦးခန့်အပ်ထားနိုင်ကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားကျွမ်းကျင်ပညာရှင် ၈၀၂ ဦးလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။ ပြည်ပညာရှင်များထဲတွင် တရုတ်နိုင်ငံက ၅၇၇ ဦးဖြင့် ထိပ်ဆုံးကဦးဆောင်လျှက် ရှိပြီး ၎င်း၏နောက်တွင် ဂျပန်က ၁၀၉ ဦး၊ ဗီယက်နမ်က ၄၀ ဦး၊ ထိုင်းက ၃၄ ဦးနှင့် မလေးရှားက ၁၅ ဦးတို့ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ ထို့ပြင် ထို SEZ နှစ်ခုတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၇ ခုတို့က ကျယ်ပြန့်သောကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။ Royal Group ၏အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၃ လ ပတ်ကာလတွင် ထိုဇုန်များ၏ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃၁ သန်းထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၈.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Royal Group ၏ ဥက္ကဌဖြစ်သူ Kith Meng က ထိုဇုန်များသည် အလုပ်အကိုင်ဖန်တီးခြင်း၊ စက်မှုအသွင် ကူးပြောင်းခြင်းနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့တွင် အဓိကအခန်းကဏ္ဍအဖြစ် ပူးပေါင်း ပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Khmer Times                                                                             DOCA (ရန်ကုန်)