
စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ သင်္ကြန်မတိုင်မီ(၁၁.၄.၂၀၂၅)ရက်နေ့နှင့် သင်္ကြန်အပြီး (၂၃.၄.၂၀၂၅) ရက်နေ့ တို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းပြီး မကွေးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် (၁၂)ဆိုင်အား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်တင်သွင်းလာသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ ဆေးရောင်းချခွင့်လိုင်စင်များ ပြုလုပ်ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်း အဆမတန်မြှင့်တင် ရောင်းချမှုမပြုလုပ်ရန် ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုမရှိအောင် ထိန်းသိမ်းရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးစျေးနှုန်းများအနေဖြင့် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလအတွင်း ထူးခြားစွာပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)