
တိုယိုတာမော်တော်ကော်ပိုရေးရှင်းမှ ၂၀၂၄ ခုနှစ်ဘဏ္ဍာနှစ်အတွက် ကမ္ဘာတစ်ဝှမ်းထုတ်လုပ်မှုသည် ယခင်နှစ်ကထက်အစီးရေ ၉.၆၈ သန်းအထိ ၂.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၎င်း၏ အိမ်တွင်းစျေးကွက် အရည်အသွေး အရှုပ်တော်ပုံများကြောင့် ထိုသို့ လေးနှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဧပြီလ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။ ကုမ္ပဏီအုပ်စုတို့တွင် မသင့်လျော်သောထောက်ခံချက်နှင့် ဘေးကင်းရေးစစ်ဆေးမှုတို့ပါဝင်သည့် အရှုပ်တော်ပုံကြောင့် တိုယိုတာကုမ္ပဏီ၏ ပြီးခဲ့သည်ဘဏ္ဍာနှစ်က ပြည်တွင်းထွက်ရှိမှုသည် ၂.၂ ရာခိုင်နှုန်းသို့ ကားအစီးရေ ၃.၂၄ သန်း ကျဆင်းသွားကာ လူကြိုက်များသောကားမော်ဒယ်အချို့ ၏ ထုတ်လုပ်မှုမှာ ခေတ္တရပ်ဆိုင်းသွားပြီး ပြည်ပတွင်အစီးရေ ၃.၃ ရာခိုင်နှုန်းသို့ ၆.၄၄ သန်းအထိကျဆင်းသွားခဲ့သည်။ မတ်လတွင်ကုန်ဆုံးသည့်နှစ်တွင် တိုယိုတာသည် ကမ္ဘာတစ်ဝှမ်း တွင် ကားအစီးရေ ၁၀.၂၇ သန်း ရောင်းချခဲ့ပြီး ယခင်နှစ်ကထက် ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဂျပန်နိုင်ငံတွင်ကားအစီးရေ ၁.၅၁ သန်းရောင်းချခဲ့ပြီး ယခင်နှစ်ကထက် ၁.၆ ရာခိုင်နှုန်းကျဆင်း သွားခဲ့ပြီး နိုင်ငံရပ်ခြားတွင်ကားအစီးရေ ၈.၇၇ သန်းနီးပါးရောင်းချခဲ့ရသည်။ Prius ဟိုက်ဘရစ် ကိုပြန်လည်သိမ်းဆည်းချင်းသည် ကမ္ဘာ့ရောင်းအားနှင့်ထုတ်လုပ်မှုကို ထိခိုက်စေကြောင်းကား ထုတ်လုပ်သူမှပြောကြားခဲ့သည်။ ဒေသတွင်း အမှတ်တံဆိပ်များနှင့် ပြိုင်ဆိုင်မှု ပြင်ထန်သော တရုတ်နိုင်ငံတွင် တိုယိုတာသည် ထုတ်လုပ်မှု ၇.၈ ရာခိုင်နှုန်းကျဆင်းသွားပြီး ကားအစီးရေ ၁.၅၅ သန်းမှ ၅.၉ ရာခိုင်နှုန်းအထိကျဆင်းသွားကာ ကားအစီးရေ ၁.၇၉ သန်းအထိကျဆင်းသွားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)