
ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကမ္ဘောဒီး ယား-ရုရှား အစိုးရကြား ကော်မရှင် ၁၁ ကြိမ်မြောက် အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တနင်္လာနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် ရုရှားစိုက်ပျိုးရေးဝန်ကြီး Oksana Lut တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါတွေ့ဆုံမှုသည် ကမ္ဘောဒီးယားနှင့် ရုရှားနိုင်ငံတို့အကြား လွန်ခဲ့သည့်နှစ်များအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ရေရှည် ဆက်ဆံရေးကို ပိုမိုတိုးတက်စေမည့် အနာဂတ်လမ်းကြောင်းများကို ချမှတ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီးပွားရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာအပါအဝင် နယ်ပယ်အသီးသီးတွင် ဆက်ဆံရေးခိုင်မာစေရေးနှင့် နက်ရှိုင်းစေမည့်နည်းလမ်းများကို နှစ်ဖက်စလုံးက ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
Source : Xinhua
DOCA(ရန်ကုန်)