
ကမ္ဘောဒီးယား အမျိုးသားလွှတ်တော် (NA) နှင့် ထိုင်းတော်ဝင်သံရုံးတို့သည် ယခုနှစ် အကုန်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ တိုးမြှင့်နိုင်ရန် နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ကြရန် ၂၈-၄-၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Tull Traisorat နှင့် အမျိုးသားလွှတ်တော် ဥက္ကဌ Khuon Sudary တို့ ဖနွမ်းပင်မြို့တွင် သဘောတူညီခဲ့ကြသည်။ ပူးပေါင်းဆောင်ရွက်မှုအားလုံးသည် နှစ်နိုင်ငံလုံးရှိ နိုင်ငံသားများ၏ မျှော်မှန်းချက်များကို ထင်ဟပ်စေကာ အပြန်အလှန်ယုံကြည်မှု၏ အခြေခံအရေးပါမှုကို အလေးပေးကြောင်း Sudary က အလေးပေးပြောကြားခဲ့သည်။ Traisorat သည် ခရီးသွားလုပ်ငန်း တိုးတက်မှု၏ အဓိကဖြစ်သည့် ထိုင်းဟိုတယ်လုပ်ငန်းနှင့် ခရီးသွားအေဂျင်စီများကို ခွဲခြားသတ်မှတ်ပြီး ကမ္ဘောဒီးယားတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မှုနှင့် ပတ်သက်၍ အကောင်းမြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများကြား နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းအောင် ဆောင်ရွက်ရာတွင် ဒေသတွင်းပေါင်းစည်းမှုနှင့် ကုန်သွယ်မှုချဲ့ထွင်ရေးတွင် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး စီးပွားရေးကြံ့ကြံ့ခံနိုင်ရည်အား မြှင့်တင်ရန်နှင့် အပြန်အလှန် တိုးတက်မှုအတွက် လမ်းကြောင်းသစ်များ ဖွင့်ပေးနိုင်ရန် လိုအပ်ကြောင်း Khuon Sudary က သံအမတ်ကြီး Tull Traisorat အားပြောကြားခဲ့သည်။ လူ့စွမ်းအား အရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကျသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့် အနေဖြင့် ကျန်းမာရေးနှင့် ပညာရေးတွင် စဉ်ဆက်မပြတ် ရင်းနှီးမြုပ်နှံမှုများသည် အသိပညာနှင့် ကျွမ်းကျင်သော လုပ်သားအင်အားကို ပြုစုပျိုးထောင်ရန် မရှိမဖြစ် လိုအပ်ကြောင်း၊ နိုင်ငံအတွက် ရေရှည်တိုးတက်မှုနှင့် ခိုင်မာသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Tull Traisorat က ပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)