
တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ယခုနှစ် နိုဝင်ဘာလတွင် ပထမဆုံး မော်တော်ယာဉ်များ ထုတ်လုပ်ရန် စီစဉ်ထားပြီး Sihanoukville အထူးစီးပွားရေးဇုန်တွင် Completely Knocked Down (CKD) မော်တော်ယာဉ် တပ်ဆင်စက်ရုံ ကို ၂၈-၄-၂၀၂၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Wang Wenbin နှင့်ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ပထမဥက္ကဋ္ဌ- ၂ Sun Chanthol တို့ တက်ရောက်ကြသည်။ ကုမ္ပဏီသည် Sihanoukville အထူးစီးပွားရေးဇုန်၏ ဧရိယာ ၁၂ ဟက်တာခန့်တွင် CKD မော်တော်ယာဉ် တပ်ဆင်စက်ရုံ တည်ထောင်ရန် ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းခန့် ရင်းနှီးမြှုပ်နှံထား ကြောင်း သိရသည်။ တပ်ဆင်နိုင်မှုမှာ တစ်နှစ်လျှင် ကားအစီးရေ ၁၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ BYD ကုမ္ပဏီလီမိတက်၏ တပ်ဆင်စက်ရုံသည် အောက်တိုဘာလတွင် ပြီးစီးရန် စီစဉ်ထားပြီး ကမ္ဘောဒီးယားတွင် ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အစောပိုင်း တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားသည်။ အခမ်းအနားတွင် Chanthol က BYD ကမ္ဘောဒီးယား သည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ တိုးလာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် BYD တပ်ဆင်စက်ရုံများ တည်ရှိနေခြင်းသည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုပြသနေသည်" ဟု Chanthol က ပြောကြားခဲ့သည်။ ကနဦးတွင် BYD သည် ပြည်တွင်း၌ တပ်ဆင်ရန် အစိတ်အပိုင်းများကို တင်သွင်းမည်ဖြစ်သော်လည်း တပ်ဆင်မှု လုပ်ငန်းစဉ်တွင် ဒေသတွင်း အစိတ်အပိုင်းများကို ဖြည်းဖြည်းချင်း ထည့်သွင်းရန် အစီအစဉ်များ ချမှတ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။ တပ်ဆင်စက်ရုံအပြင် BYD သည် ဝန်ဆောင်မှုစင်တာ နှစ်ခုကို တည်ဆောက်ပြီး ကမ္ဘောဒီးယားရှိ ဒေသအသီးသီးတွင် လျှပ်စစ်ကားအားသွင်းရုံ ၂၀၀ တည်ဆောက်ရန် ရည်မှန်းထားပြီး လျှပ်စစ်ကားများအတွက် အခြေခံအဆောက်အအုံများကို ပိုမိုမြှင့်တင်ပေးရန် ရည်ရွယ်ထားသည်။ Chanthol က ရင်းနှီးမြှုပ်နှံသူများအားလုံးအား ကမ္ဘောဒီးယားရှိ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့်ပတ်သက်၍ အတွေ့အကြုံကောင်းများကို ဆက်လက်မျှဝေရန်၊ ကမ္ဘောဒီးယားနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန်နှင့် အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူဖြစ်စေရန် ကမ္ဘောဒီးယားရှိ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အတွေ့အကြုံကောင်းများကို ဆက်လက်မျှဝေရန် တိုက်တွန်းခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)