ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်အမြင်အား ပြန်လည်စဥ်းစားပေးရန် Fitch အေဂျင်စီအား တိုက်တွန်းလိုက်သည့် ဘင်္ဂလားဒေ့ရှ်ဘဏ် (BB)

Powered by Drupal

     ဘင်္ဂလားဒေ့ရှ်ဘဏ် (BB) သည် ဧပြီလ ၂၈ ရက်နေ့တွင် ကမ္ဘာ့ အကြွေးအဆင့်သတ်မှတ်ရေး အေဂျင်စီ Fitch အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏စီးပွားရေးတွင် အထူးသဖြင့် ပြည်ပကဏ္ဍများတွင် ပြန်လည်ထူထောင်မှုများ ပြုလုပ်နေသဖြင့် ၎င်းနိုင်ငံ၏ အမြင်အပေါ် ပြန်လည်စဥ်းစား‌ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဗဟိုဘဏ်သည် ဘင်္ဂလားဒေ့ရှ်ဘဏ် ရုံးချုပ်တွင် Fitch အေဂျင်စီ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ပြုလုပ်သော အစည်းအဝေးပွဲတွင် ထုချေချက်ကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Fitch အေဂျင်စီအပါအဝင် အကြွေးအဆင့်သတ်မှတ်ရေး အေဂျင်စီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးအခြေအနေများ အထူးသဖြင့် နိုင်ငံခြားငွေသိုလှောင်မှုများ ကျဆင်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပေါ်အမြင်အား ကျဆင်းခဲ့ကြောင်း သိရပါသည်။ BB ၏ ဒုတိယညွှန်ကြားရေးမှုး Governor Zakir Hossain Chowdhury နှင့် ပြောရေးဆိုခွင့်ရှိသူ Arief Hossain Khan နှင့် ဗဟိုဘဏ်ရှိတစ်ခြား အရာရှိများသည် အဆိုပါ အစည်းအဝေးအား တက်ရောက်ခဲ့ကြောင်း သိရပါသည်။ BB ၏ Chief Economist Unit မှ ညွှန်ကြားရေးမှုး Md Salim Al Mamunက အစည်းအဝေးတွင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံစီးပွားရေး၏ အဓိကအညွှန်းများအား စာရွက်ပေါ်တွင် တင်ပြခဲ့ပြီး  Arief Hossain Khan က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ အား အစည်းအဝေးအဆုံးတွင် တင်ပြခဲ့ကြောင်း သိရပါသည်။ စီးပွားရေးအဓိကအညွှန်းများ တိုးတက်လာသဖြင့် BB သည် Fitch အား၎င်းတို့ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်အမြင် အားပြန်လည် စဥ်းစားပေးရန်တိုက်တွန်းခြင်း ဖြစ်ေကြာင်း Khan က ထပ်ပေါင်း ပြောကြားခဲ့ပါ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားငွေသိုလှောင်ငွေသည် နိုင်ငံတကာရန်ပုံငွေအဖွဲ့၏ တွက်ချက်မှုများအရ ဒေါ်လာ ၂၁ ဘီလီယံအထက်တွင် ရောက်ရှိခဲ့ကြောင်း နှင့် အဆိုပါ သိုလှောင်‌ငွေများသည် ငွေလွဲခြင်းများနှင့် တင်ပို့ကုန်ဝင်ငွေများ မြင့်တက်ခြင်းကြောင့် ယခင်လအနည်းငယ်အထိ တည်ငြိမ်နေကြောင်း သိရပါသည်။ မတ်လတွင် ငွေလွှဲခြင်းများမှ ‌ဒေါ်လာ ၃.၂၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အဆိုပါဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမိုင်းတစ်လျောက်တွင် အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ ၎င်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် လွန်ခဲ့သော ဧပြီလ၏ ၂၆ ရက်အတွင်းတွင် ဒေါ်လာ ၂.၂၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။

Source: The Daily Star     

DOCA(ရန်ကုန်)