tk ၁၁၄ ကုဋေတန်ကြေးရှိသည့် လီသီယမ်ဘက်ထရီစက်ရုံ တည်ဆောက်ရန် စီစဥ်နေသည့် Walton

Powered by Drupal

     လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် နယ်ပယ်တွင် ဦးဆောင်ရပ်နေသော Walton Hi-Tech Industries PLC သည် tk ၁၁၄ ကုဋေ ကုန်ကျမည့် လီသီယမ်ဘက်ထရီထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် စီစဥ်နေကြောင်း သိရပါသည်။ ပြည်တွင်းလိုအပ်ချက်ဖြစ်သော ပြန်လည်အားသွင်းနိုင်သော  လီသီယမ် ဘက်ထရီများအား လျှပ်စစ်ကားများနှင့် တစ်ခြားစက်ပစ္စည်းများတွင် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန်အတွက် တင်သွင်ကုန် အားထားမှုကို လျော့ချမည်ဖြစ်ကြောင်း ၎င်းကုမ္ပဏီက ဧပြီလ ၂၇ ရက်နေ့တွင်‌ ပြောကြားခဲ့ပါသည်။ ၎င်းကုမ္ပဏီသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေရန်နှင့် နည်းပညာတိုးတက်မှု များနှင့်အတူ တင်ပို့ကုန်များ ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီက  ၎င်းဘုတ်အဖွဲ့၏ အဆိုပါစီမံကိန်းအတွက် ခွင့်ပြုချက်ရရှိပြီး နောက် အဆိုပါထုတ်လုပ်မှုအား ၂၀၂၆ ခုနှစ်အလယ်တွင် စတင်ရန်မျှော်မှန်းကြောင်း ပြေကြားခဲ့ပါသည်။ ၎င်း၏ အသားတင် အမြတ်ငွေသည် ယခင်နှစ်တူညီသော ကာလနှင့် နှိုင်းယှဥ်လျှင် ယခုဘဏ္ဍာနှစ် ပထမ သုံးလပတ်ကာလတွင် tk ၄၂၂ ကုဋေ မှ tk ၃၉၂ ကုဋေ အထိ ကျဆင်းသွားကြောင်း သိရပါသည်။ ကုမ္ပဏီ၏ ရှယ်ယာတစ်ခုချင်းဝင်ငွေ EPS သည် ယခင်နှစ် tk ၁၃.၉၃ မှ tk ၁၂.၉၄ အထိ ကျဆင်းခဲ့ပါသည်။ ယခုနှစ် ဘဏ္ဍနှစ် ပထမ ကိုးလအတွင်းတွင် ၎င်းကုမ္ပဏီ၏ အမြတ်ငွေများသည် ယခင်နှစ်ထက် ၈.၅ ရာခိုင်နှုန်း tk ၆၉၆ ကုဋေ အထိကျဆင်းခဲ့ကြောင်း သိရပါသည်။ ယခုကာလအတွင်း ၎င်း၏ EPS သည် tk ၂၅.၁၇ မှ tk ၂၂.၉၉ အထိကျဆင်းပါသည်။ အဆိုပါကျဆင်းမှုများသည် ငွေကြေးဖောင်းပွမှုများ၊ ကမ္ဘာ့စျေးကွက် ဘဏ္ဍာ‌‌ရေး အပြောင်းအလဲများ၊ ကုန်ကြမ်းတန်ဖိုးမြင့်တက်မှုများ၊ ဘဏ္ဍာရေးကုန်ကျမှုမြင့် တက်မှုများ နှင့် တစ်ခြားနိုင်ငံခြားငွေများ တာကာငွေ တန်ဖိုးကျဆင်းမှုများကြောင့် ဖြစ်ကြောင်းသိရပါသည်။ သို့ရာတွင် Walton စတုတ္ထ သုံးလပတ်ကာလတွင် ၎င်းတို့၏ အရောင်းကာလဖြစ်သည့်အတွက် အမြတ်ငွေများ ပြန်လည်မြင့်တက်ရန်မျှော်မှန်းကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်နေ့အထိ ကုမ္ပဏီ၏ ရှယ်ယာများကို စပွန်ဆာများနှင့် ဒါရိုက်တာများက ၆၅.၀၇ ရာခိုင်နှုန်း၊ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများက ၀.၅၅ ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ၀.၀၉ ရာခိုင်နှုန်း နှင့် ပြည်သူလူထုများက ၃၄.၂၉ ရာခိုင်နှုန်း စသဖြင့် အသီးသီး ပိုင်ဆိုင်ထားကြောင်း DSE အချက်အလက်များ အရ သိရပါသည်။ Walton ကုမ္ပဏီသည် ၁၉၇၇ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ် အစောပိုင်းတွင်  ‌ရေခဲသေတ္တာ၊ freezer များ၊ air conditioner များ နှင့် ကွန်ပရက်ဆာများကို TV များ၊ အိမ်နှင့် လျှပ်စစ်ပစ္စည်းများ မထုတ်လုပ်ခင်တွင် စတင်ထုတ်လုပ်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏ စတုရန်းပေ ၅ သန်းခန့်ကျယ်ဝန်းသော ထုတ်လုပ်မှုစက်ရုံများနှင့် ရုံးချုပ် အ‌‌ဆောက်အဦး ၁၉ လုံးသည် Chandra, Kaliakoir နှင့် Gazipur တွင် တည်ရှိကြောင်း သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)