
Singer ကုမ္ပဏီသည် ၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်ကာလတွင် ရောင်းအားများမြင့်တက်ခဲ့သော်လည်း ၎င်းတို့၏ အရှုံးငွေများ ပိုမိုတိုးလာကြောင်း သိရပါသည်။ ကုမ္ပဏီသည် ယခင်နှစ်အစောပိုင်းကာလဆုံးရှုံးမှုနှင့် နှိုင်းယှဥ်လျှင် tk ၂.၁၁ ကုဋေမှ tk ၃၄.၈၉ ကုဋေအထိ ဆုံးရှုံးခဲ့ပါသည်။ သို့ရာတွင် Singer ကုမ္ပဏီ၏ ရောင်းအားသည် ယခုနှစ်ပထမသုံးလပတ်ကာလတွင် ယခင်နှစ်ထက် ၃၉ ရာခိုင်နှုန်း tk ၅၅၇.၈၅ ကုဋေအထိ မြင့်တက်လာကြောင်း ၎င်းတို့၏ ဘဏ္ဍာရေးထုတ်ပြန်ချက်အရ သိရပါသည်။ ၎င်းကုမ္ပဏီ၏ တစ်ခုချင်းရှယ်ယာငွေသည် ယခင်နှစ် ၂၀၂၄ခုနှစ်တစ်ချင်း ရှယ်ယာဆုံးရှုံးမှုနှင့် နှိုင်းယှဥ်လျှင် tk ၀.၂၁ မှ tk ၃.၅၀ အထိ ကျဆင်းခဲ့ပါသည်။ ကုမ္ပဏီ၏ အသားတင်လုပ်ငန်းလည်ပတ်ဝင်ငွေ (NOCFPS)သည် ယခင်နှစ် tk ၃.၈၄ မှ tk ၄.၇၉ အထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ NOCFPS တွင် မြင့်တက်လာမှုသည် နှစ်စဥ် ပေးသွင်းသူများ ၏ ငွေပေးချေမှုများကို ထိရောက်စွာထိန်းချုပ်နိုင်မှု နှင့် ရောင်းအားတိုးတက်လာခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ကုမ္ပဏီသည် အငှာအခြေပြု စီးပွားရေးလုပ်ငန်းများ စီမံလုပ်ဆောင်ခြင်းနှင့် ဝယ်သူများနှင့် အဖွဲ့အစည်းများမှ အကြွေးပြန်လည်ကောက်ခံမှုများ ကြောင့် NOCFPS မြင့်တက်မှုတွင် အထောက်အကူပြုနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီ၏ ရှယ်ယာများကို စပွန်ဆာများ နှင့် ဒါရိုက်တာများက ၅၇ ရာခိုင်နှုန်း၊ အဖွဲ့အစည်းရင်းနှီးမြှုပ်နှံသူများက ၃၀.၁၁ ရာခိုင်နှုန်း၊ အထွေထွေ ရင်းနှီးမြှုပ်နှံသူ များက ၁၂.၈၈ ရာခိုင်နှုန်း စသဖြင့် အသီးသီး ပိုင်ဆိုင်ထားကြောင်း DSE ၏အချက်အလက်များ အရ သိရပါသည်။ အဆိုပါ Singer ကုမ္ပဏီသည် ၁၉၈၅ ခုနှစ်မှစ၍ စားသုံးသူများအတွက် လက်လီ outlet ရောင်းချသူများနှင့် မိတ်ဖက်များမှတစ်ဆင့် စားသုံးသူများအား brand ပေါင်းများစွာအတွက် လက်လီရောင်းချပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရပါသည်။
Source: The Daily Star
DOCA(ရန်ကုန်)