ပါလက်စတိုင်းနိုင်ငံနှင့်ဂျပန်နိုင်ငံအစိုးရများနှင့်အတူ စိုက်ပျိုးရေးဆိုင်ရာဆက်ဆံမှုများ နှင့်ပတ်သက်၍ မြှင့်တင်ရန် အဆင်သင့် ဖြစ်နေသည့် အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal

     စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က အင်ဒိုနီးရှားနိုင်ငံသည် အစားအသောက်လုံခြုံမှု အားကောင်းလာစေရန် နှင့် အမျိုးသားစီပွားရေး တိုးတက်မှု အရှိန်အဟုန် မြှင့်တင်ရန် နည်းဗျူဟာမြောက်လုပ်ဆောင်မှုအဖြစ် ပါလက်စတိုင်းနှင့် ဂျပန်နိုင်ငံနှင့်အတူ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင်ရန် အတွက် အဆင်သင့်ဖြစ်နေကြောင်း ဧပြီလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ၎င်းက ပါလက်စတိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး သည် ၂၀၂၅ ခုနှစ် မေလ တွင် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအတွက် ဆွေးနွေးရန်နှင့် နှစ်နိုင်ငံခြား ရေရှည်လက်တွဲရေး အတွက် ဖြစ်နိုင်ခြေများအား လေ့လာစုံစမ်းရန်အတွက် အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ရန် စီစဥ်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Sulaiman ကအဆိုပါလာရောက်မည့် အစီအစဥ်အား စိုက်ပျိုးရေး အလုပ်သမားချဲ့ထွင်ရေးနှင့် ပတ်သက် ၍ ပြုလုပ်သည့် အစည်းအဝေး ပွဲတွင် ပြောကြားခဲ့ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးသည် စိုက်ပျိုးရေးနယ်ပယ်များ တွင် ရေရှည်တည်မြဲစေရန် နှစ်ဦးနှစ်ဖက်အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် နောင်လာမည့်အပတ်တွင် အင်ဒိုနီးရှားအစိုးရ နှင့် တရားဝင် အစည်းအဝေးပွဲ ပြုလုပ်ရန် စီစဥ်ထားပြီဖြစ်ကြောင်း သိရပါသည်။ Sulaiman ၏အဆိုအရ အဆိုပါ အင်ဒိုနီးရှားနိုင်ငံ နှင့် ပါလက်စတိုင်းနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် စိုက်ပျိုးရေး ကဏ္ဍအတွက် အလေးပေးရုံသာမက များစွာသော စိုက်ပျိုးရေးဆန်းသစ်တီထွင်မှုစီမံကိန်းများမှ တစ်ဆင့် နှစ်နိုင်ငံလုံး အတူတိုးတက်စေနိုင်သည့် နည်းဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် ၎င်းက အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အမျိုးသား စိုက်ပျိုးရေးကဏ္ဍတွင်အားကောင်းစေရန်နှင့် စိုက်ပျိုးရေးနယ်ပယ်များတွင် အင်ဒိုနီးရှား၊ ပါလက်စတိုင်း၊ ဂျပန်နိုင်ငံတို့အတွက် အခွင့်အလမ်းသစ်များ ဖွင့်ဟနိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံသည် ပါလက်စတိုင်း နိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များတွင် အထောက်အပံ့ပေးရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ အစောပိုင်းကာလများတွင် ပါလက်စတိုင်း သံအမတ်သည် အင်ဒိုနီးရှားနိုင်ငံ Zuhair AI-Shun ရှိ စိုက်ပျိုးရေးဝန်ကြီးဌာနသို့ ဧပြီလ ၂၄ ရက်နေ့တွင် လာရောက်ခဲ့ပြီး  ၎င်းက ပါလက်စတိုင်း နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် ထောက်ပံ့ပေးနေသည့် အင်ဒိုနီးရှားနိုင်ငံ၏ ထောက်ပံ့မှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းသံမတ်က ပါလက်စတိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများအား များစွာသော စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် လေ့လာသင့်ယူရန် အတွက် အင်ဒိုနီးရှားနိုင်ငံသို့ စျေလွှတ်နိုင်ရန် မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။

Source: Antara news

DOCA(ရန်ကုန်)