
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်ရှိ အချိုရည်နှင့် ရေသန့်ဘူးရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အချိုရည်နှင့် ရေသန့်ဘူးများတွင် FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ၊ မြန်မာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံ မှုရှိသည်ကို တွေ့ရှိရပြီး ဈေးကွက်အတွင်း FDA ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ပစ္စည်းများကိုသာ ဝယ်ယူရောင်းချကြရန်နှင့် အချိုရည်၊ ရေသန့်ဘူးများအား အမိုးအကာအောက်တွင် ထားရှိရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)