နိုင်ငံရပ်ခြားမှ သံသတ္တုရိုင်း၊ ကျောက်မီးသွေးများကို ဝယ်ယူရန် ကုမ္ပဏီများအား အိန္ဒိယနိုင်ငံမှ တိုက်တွန်း

Powered by Drupal

     အိန္ဒိယနိုင်ငံသည် သံမဏိထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်‌‌ပေးနိုင်ရန်အတွက် သံသတ္တု ရိုင်း၊ ကျောက်မီးသွေးနှင့် အခြားအဓိကကုန်ကြမ်းပစ္စည်များကို နိုင်ငံရပ်ခြားတွင်ဝယ်ယူရန် အိန္ဒိယ ကုမ္ပဏီများအား အားပေးတိုက်တွန်လျှက်ရှိကြောင်း အိန္ဒိယသံမဏိဆိုင်ရာအတွင်းဝန် Sandeep Poundrik က ဧပြီလ ၂၆ ရက်နေ့ကပြောကြားခဲ့သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး သံမဏိကြမ်း ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ၏  လက်ရှိစုစု‌ပေါင်းသံမဏိထုတ်လုပ်မှုသည် တန်ချိန် သန်း ၂၀၀ ခန့် ရှိပြီး ၂၀၃၀ ခုနှစ်တွင် တန်ချိန် သန်း ၃၀၀ အထိထုတ်လုပ်နိုင်ရန်ရည်မှန်ထားသည်။ ထိုရည်မှန်း ချက်ကို ပြည့်မှီစေရန်အတွက် ကျောက်မီးသွေးတင်သွင်းမှုအား လက်ရှိတန်ချိန် ၅၈ သန်း ဝန်းကျင် မှ ၂၀၃၀ ခုနှစ်တွင် တန်ချိန် သန်း ၁၆၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားကြသည်။ သံမဏိ အထွက်နှုန်းမြင့်တက်နေသော်လည်း သြစတြေးလျနှင့် အမေရိကန်တို့မှ တင်ပို့မှုနည်းပါးခြင်း ကြောင့် မတ်လတွင်ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှု သည် ၀.၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကျောက်မီးသွေးလိုအပ်ချက်၏ ၈၅ ရာခိုင် နှုန်းအား ဖြည့်ဆည်းရန်သွင်းကုန်များ အပေါ်တွင် အမှီပြုနေရပြီး သြစတြေးလျသည် အဆိုပါ တင်သွင်းမှု၏ ထက်ဝက်ကျော်အား ထောက်ပံ့ပေးလျက်ရှိသည်။ အိန္ဒိယအစိုးရပိုင်မိုင်းတွင်း  NMDC သည် အင်ဒိုနီးရှားနှင့် သြစတြေးလျတို့တွင် ကျောက်မီးသွေးပိုင်ဆိုင်မှု အခွင့်အလမ်းများအား ရှာဖွေလျက်ရှိသည်။

 

Source : Reuters

DOCA(ရန်ကုန်)