မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Online Saleရောင်းချသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၂၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ Online  Saleရောင်းချနေသော ဆိုင်ပိုင်ရှင်များအား စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ၊ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တန်းကုန်သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်အစဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ Online  Sale ရောင်းချသူဆိုင်ပိုင်ရှင် စုစုပေါင်း(၁၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)