အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်း၌ ဆန်သိုလှောင်မှုမြင့်မားလျက်ရှိသောကြောင့် လိုအပ်နေသော နိုင်ငံများသို့ ဆန်တင်ပို့မည်

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံသည်လွန်ခဲ့သောလေးလအတွင်း ပြည်တွင်း၌ ဆန်သိုလှောင်မှု မြင့်မားခဲ့သောကြောင့် လိုအပ်သောနိုင်ငံများသို့ ဆန်တင်ပို့မှုစတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က အင်ဒိုနီးရှားသမ္မတ Prabowo Subianto မှ ကြေညာခဲ့သည်။ မလေးရှားအပါအဝင် နိုင်ငံအများအပြားသည် အင်ဒိုနီးရှားမှ ဆန်တင်သွင်းရန်ကြိးပမ်းနေသည့် သတင်းများကိုတုံ့ပြန်သည့် အနေဖြင့် ထိုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တင်ပို့မည့်နေရာများကို မသတ်မှတ်ထားသော်လည်း ပြည်ပသို့တင်ပို့မည့်ဆန်များသည် စျေးနှုန်းအလွန်ကြီးမြင့်နေရန် မသင့်တော်ကြောင်း Prabowo က မှတ်ချက်ပြုခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုအရ အမြတ်အစွန်းများစွာမရှာ သင့်ကြောင်း၊ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် စီမံခန့်ခွဲရေ စရိတ်စကများအား ကာမိစေရန် အရေးကြီးကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အခြားနိုင်ငံများအား ကူညီပေးနိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ကို သက်သေပြချင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်း ဆန်သိုလှောင်မှုမှာ တန်ချိန် ၃ သန်းအထိရောက်ရှိခဲ့ပြီး ဆယ်စုနှစ်နှစ်ခုအတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့သည်။

Source : Xinhua

DOCA (ရန်ကုန်)