နိုင်ငံအတွင်း ဂျုံစိုက်ပျိုးရန်အတွက် အင်ဒိုနီးရှားနဲ့ ဂျော်ဒန် ပူးပေါင်းဆောင်ရွက်

Powered by Drupal

      ပြည်ပမှ ကုန်ပစ္စည်းတင်ပို့ရောင်းချမှု လျှော့ချရန်အတွက် ဂျုံစိုက်ပျိုးစမ်းသပ်မှုများတွင် အင်ဒိုနီးရှားနိုင်ငံသည် ဂျော်ဒန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ဟာ သမ္မတ Prabowo Subianto ဂျော်ဒန်နဲ့ တခြားနိုင်ငံတွေကို အလည်အပတ် ရောက်ရှိပြီးနောက် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Khaled Huneifat နှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့သည်။ "သမ္မတကြီးနဲ့အတူ ဂျော်ဒန်နိုင်ငံကို အလည်အပတ်ခရီးကနေ ရောက်ရှိလာတာပါ။ ဂျော်ဒန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာမှာပါ" ဟု Amran က ၎င်း၏ ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ စိုက်ခင်းနှင့် ရေစီမံခန့်ခွဲမှုကဏ္ဍများတွင် သတင်းအချက်အလက်နှင့် နည်းပညာများ ဖလှယ်ရာတွင် အင်ဒိုနီးရှားနှင့် ဂျော်ဒန်တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂျော်ဒန်သည် ဂျုံစိုက်ပျိုး ရာတွင် အင်ဒိုနီးရှားကိုကူညီရန် သဘောတူခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံသည် စပါးပေါများ သော ဆည်မြောင်းစနစ်ရှိပြီး ကောင်းမွန်သောကြောင့် ဂျော်ဒန်နိုင်ငံမှ ဂျုံစိုက်ပျိုးရာတွင် အကူအညီ ပေးရန် သဘောတူခဲ့ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ၎င်းတို့ ဂျော်ဒန်နိုင်ငံမှ ကျွမ်းကျင်သူများအား ဖိတ်ကြားထားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း စိုက်ပျိုးရာသီဥတု သင့်လျော်မှုကို  စစ်ဆေး ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ အင်ဒိုနီးရှားမှာ စိုက်ပျိုးနိုင်သော သာလွန်မျိုးစေ့များအား ရှာဖွေနေလျက်ရှိ ကြောင်း စီမံကိန်းအကောင်အထည်ဖော်ပါက နိုင်ငံရပ်ခြားမှ ဂျုံတင်ပို့မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။

DOCA (ရန်ကုန်)

Source : Xinhua