ဘိလပ်မြေအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၃-၄-၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် လှိုင်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်ရှိ ဆိုင်ရှင် ဒေါ်ချိုချိုမြင့် (ရွှေညောင်ပင်) အိမ်ဆောက်ပစ္စည်း၊ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ (လက်လီ/ လက်ကား) အရောင်းဆိုင်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမြင့်စိုး (လက်ထောက် ညွှန်ကြားရေးမှူး)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးသူရ (စုံစမ်းရေးမှုး)၊ မြို့နယ်စည်ပင်သာယာ ရေးမှ ဦးဇေယျာလင်း (အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသိန်းနိုင် (မြို့နယ်ရဲတပ်ဖွဲ့မှူး)၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးကျော်ထွန်းနိုင် (အခွန်ဦးစီးမှူး)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ယွန်းပိုးမြတ် (လက်ထောက်ကြီးကြပ်ရေးမှူး) တို့ပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေး ကြပ်မတ်ရေးအဖွဲ့သည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက် လျက် ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်မြို့နယ်ရှိ ဘိလပ်မြေရောင်းချသည့် ဆိုင်များ၏ ဘိလပ် မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေ၊ ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ရွှေညောင်ပင်ဆိုင်သည် ဘုရင့်နောင်နှင့် စော်ဘွားကြီးကုန်းမှ ဝယ်ယူရ ကြောင်း ဘိလပ်မြေပစ္စည်းများ ပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)