ပထမ သုံးလပတ်ကာလတွင် အမြတ်အစွန်းများ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည့် Maya

Powered by Drupal

ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်း Maya Group သည် ယခုနှစ်ပထမ သုံးလပတ်ကာလတွင် သွင်းငွေများတိုးလာခြင်းနှင့် ချေးငွေများ များပြားလာခြင်းကြောင့် အမြတ်အစွန်းများစွာ ရရှိ ခဲ့ကြောင်း သိရပါသည်။ Maya သည် ဧပြီလ ၂၂ရက်နေ့တွင် ၂၀၂၄ နှစ်ကုန်ပိုင်းမှ ၂၀၂၅ခုနှစ် အစောပိုင်းအထိ ၎င်းတို့၏ ဘဏ္ဍရေးအရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ဝင်ငွေတိုးတက်မှုကို အရှိန်မြှင့်တင်ခြင်းဖြင့် ပထမသုံးလပတ်ကာလတွင် အမြတ်ငွေများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်ပထမသုံးလပတ်ကာလတွင် Maya သည် ငွေချေးသူများကို ချေးငွေ ပီဆို ၂၈ ဘီလီယံနီးပါး ထုတ်ချေးခဲ့ပြီး ၎င်းတို့၏ စုစုပေါင်း ချေးငွေပမာဏကို ပီဆို ၁၂၀ ဘီလီယံ အထိ တိုးမြင့်ခဲ့ကြောင်း နှင့် ငွေချေးသူများ တိုးများလာသည်နှင့် အမျှ ၎င်း၏အကြွေးလုပ်ငန်း အားကောင်းလာသဖြင့် Maya ၏ ချေးငွေနှင့် အပ်ငွေ အချိုးသည် ၅၁ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်းသိရပါသည်။ ထို့အပြင် Maya သည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးဘဏ်အဖြစ် ၎င်း၏အနေအထားကို တည်ငြိမ်အောင် ဆောင်ရွက် နေကြောင်း သိရပါသည်။ ပထမသုံးလပတ်ကာလတွင် Maya သည် အပ်ငွေ ပီဆို ၄၃.၆ ဘီလီယံထိ ရရှိခဲ့ကြောင်း စာရင်းဖော်ပြခဲ့ပြီး ၎င်းပမာသည် တစ်ခြားအကြီးဆုံး ဒစ်ဂျစ်တယ်ဘဏ်၏ အပ်ငွေထက် ၂ ဆ ပိုများကြောင်း သိရပါသည်။ Maya သည် သုံးစွဲသူများပြားလာစေရန် စီစဥ်နေပြီး ဒစ်ဂျစ်တယ်ငွေကြေး လိုအပ်ချက်တိုးမြင့်လာမှုအပေါ် အခွင့်အလမ်းများကိုလည်း ၎င်းတို့ အနေဖြင့် ဆက်လက်စောင့်ကြည့်နေကြောင်း သိရပါသည်။ Maya ၏ ချေးငွေများအနက် ပြန်လည်အမ်းခြင်းမရှိသော ချေးငွေများ၏ အချိုးအစားမှာ ၃.၈ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းပမာဏသည် ဖိလစ်ပိုင်နိုင်ငံရှိ ဒစ်ဂျစ်တယ်ဘဏ်များ၏ ပျမ်းမျှအချိုးအစားထက် နိမ့်နေကြောင်း သိရပါသည်။ Maya ကုမ္ပဏီ၏ ဥက္ကဌ Shailesh Baidwan က ကုမ္ပဏီသည် ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် အကြီးဆုံးကုန်သည်အဖြစ် ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ ပါသည်။ ၂၀၂၄ ခုနှစ်တွင် Maya သည် ကုန်သည်များအတွက် ငွေပေးချေမှုများနှင့် အသေစား၊ အငယ်စား နှင့် အလယ်စား လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအားလုံးအတွက် ငွေလွှဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းတို့တွင် ပီဆို ၁ ထရီလီယံကျော် ကိုင်တွယ်ခဲ့ကြောင် သိရပါသည်။ Baidwan က Maya သည် ၎င်းတို့၏ သုံးစွဲသူ အုပ်စု တိုးမြင့်လာစေရန် ဖြေရှင်းချက်များကို ဆက်လက်ဆန်းသစ် တီထွင်လိမ့်မည်ဖြစ်ကြောင်းနှင့် ကုန်သည်များ နှင့် ချေးငွေများ ‌လာရောက်အသုံးပြုနိုင်စေရန် Maya ၏ စီးပွားရေးစနစ်ကို အဆင့်မြှင့်တင်သွားမည်ဟု အခိုင်အမာကတိပြုခဲ့ကြောင်း သိရပါသည်။ Maya တွင်စတော့တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့် PLDT Inc., က ၂၀၂၄ခုနှစ်တွင် ၎င်းတို့၏ အမြတ်ငွေကို ပီဆို ၃၂.၃၁ ဘီလီယံ ၂၁ ရာခိုင်နှုန်းခန့် တိုးမြင့်နိုင်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင်မူ ပီဆို ၂၆.၆၁ ဘီလီယံ ခန့်တိုးမြင့်နိုင်ခဲ့ကြောင်း သိရပါသည်။ PLDT သည် အသုံးစရိတ်ဖြတ်တောက်ခြင်းမှလွဲ၍ ၎င်းတို့၏ အမြတ်ငွေများ တိုးပွားလာခြင်းသည် Maya ၏ ချေးငွေထုတ်ချေးခြင်း နှင့် ငွေပေးချေမှု ကိုင်တွယ်ခြင်း အရှိန်အဟုန် တည်ဆောင်ခြင်းတို့ ကြောင့် ဖြစ်ကြောင်း သိရပါသည်။ PLDT ၏ ဘဏ္ဍရေး အစီရင်ခံစာအရ ၎င်းသည် Maya တွင် ၂၀၂၄ ခုနှစ်၌ ပီဆို ၁ ဘီလီဝက်ခန့် နှင့် ၂၀၂၃ခုနှစ်တွင် ပီဆို ၂.၂ ဘီလီယံခန့် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရပါသည်။ Maya သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမြတ်အစွန်းများပြန်လည် ရရှိလာပြီး PLDT သည် ကုမ္ပဏီအား ယခုနှစ်တွင် အမြတ်အစွန်းများဆက်လက်ရရှိရန် စီမံနေကြောင်းသိရပါသည်။

Source: Philstar

DOCA(ရန်ကုန်)