၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ်ပြည်တွင်းဆိုင်ကယ် ဈေးကွက်အားကောင်း

Powered by Drupal

၂၀၂၅ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ်ပြည်တွင်းဆိုင်ကယ်ဈေးကွက် သည် သိသာစွာနာလံထူလာခဲ့ပြီး အစီးရေ ၆၇၃၀၀၀ စီးရောင်းချခဲ့ရကာ ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၁.၄၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ လျှပ်စစ်ဆိုင်ကယ် များ မိတ်ဆက်မှုနှင့် ဆန်းသစ်တီထွင်သည့်အရောင်းမြှင့်တင်သည့်ဗျူဟာများက ရောင်းချမှု အရှိန်မြှင့်တင် ပေးနိုင်ရုံမက စားသုံးသူများ၏ဦးစားပေးမှုကို ပြန်လည်ပုံဖော်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများအသင်း၏တင်ပြချက်အရ ၎င်းတို့၏ အဖွဲ့ဝင်ငါးခုဖြစ်သည့် Honda Vietnam၊ Yamaha Motor Vietnam၊ Piaggio Vietnam၊ Vietnam Suzuki နှင့် SYM Vietnam တို့သည် မော်တော် ၁၀၀ နီးပါး မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ဈေးနှုန်းများ မှာလည်းအမေရိကန်ဒေါ်လာ ၇၂၀ မှ ၄၈၀၀၀ ထိရှိပြီး စားသုံးသူလိုအပ်ချက်များအတွက် ကျယ်ပြန့်သောရွေးချယ်မှုကို ပေးစွမ်းနိုင် ကြောင်း သိရပါသည်။ ထိုသို့ကွဲပြားခြားနားစွာကမ်းလှမ်း နိုင်မှုသည် ဈေးကွက်၏ကွဲပြားသော ကဏ္ဍများကိုဆွဲဆောင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းစဉ်ဆက်မပြတ် ကြီးထွားမှုတွင် အလွန်အရေးပါကြောင်း သိရပါသည်။ Honda Vietnam သည်ဈေးကွက်တွင် အဓိကနေရာ၌ ဆက်လက်ဦးဆောင်နေပြီး ဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုန်းကျော်ရရှိထား ကြောင်း သိရပါသည်။ ကုမ္ပဏီသည် မတ်လတွင် ပြည်တွင်း၌ အစီးရေ ၂၀၂၅၄၆ စီးရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ် မတ်လနှင့်နှိုင်းယှဉ်ပါက ၅၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုမြင့်တက်လာမှုသည် အမှတ်တံဆိပ်အားကောင်းမှုနှင့် ဗီယက်နမ်စားသုံးသူများ၏ဦးစားပေးမှု တို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်ကာလတွင် ဗီယက်နမ် မော်တော်ဆိုင်ကယ်ဈေးကွက်အတွက် အဓိကမောင်းနှင်အားမှာ မော်ဒယ်များကွဲပြားမှုနှင့် ဈေးနှုန်းများကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများ အသင်း၏ အဖွဲ့ဝင်များသည် မော်ဒယ်သစ်များမိတ်ဆက်ရုံသာမက သင့်လျော်သည့်ပရိုမိုးရှင်း အစီအစဉ်များနှင့် ရောင်းချပြီးဝန်ဆောင်မှုမူဝါဒများ အကောင်အထည်ဖော်လျှက်ရှိကြောင်း သိရ ပါသည်။ ထိုမူဝါဒများသည် အထင်ကြီးဖွယ်‌ရောင်းချရမှုကို လွယ်ကူချောမွေ့စေရုံသာမက စုစုပေါင်းကြီးထွားမှုနှုန်း ၁၁.၄၈ ရာခိုင်နှုန်းရရှိရန် ကူညီပေးနိုင်ခဲ့ကြောင်း သိရပါသည်။Vietnam Plus

DOCA(ရန်ကုန်)