ဗီယက်နမ်နှင့်တရုတ်စီးပွားရေးချိတ်ဆက်မှုမြှင့်တင်

Powered by Drupal

   ၂၀၂၅ အမျိုးသားကုန်သွယ်မှုမြှင့်တင်ရေးပရိုဂရမ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗီယက်နမ်-တရုတ်( Chongqing) စီးပွားရေးကွန်းဖရန့်ကို ဗီယက်နမ်ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီ(VIETRADE)နှင့် Chongqing Municipal Commision of Commerce(China) နှင့်ပူးပေါင်း၍ ဟနွိုင်းမြို့တွင် ဧပြီလ ၁၁ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် VIETRADE မှကိုယ်စားလှယ်တစ်ဦးက ကုန်စည်ပြပွဲများကျင်းပပြုလုပ်ခြင်းနှင့် ကြီးမှူးကျင်းပခြင်း တို့တွင် နှစ်ဖက်ကြားအနီးကပ်ညှိနှိုင်းဆွေးနွေးမှုမြှင့်တင်ခြင်းနှင့်ပတ်သတ်၍ အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ပထမ ၃လပတ်ကာလတွင် ဗီယက်နမ်နှင့် တရုတ်ကြားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၁.၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၁၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်သည် ဗီယက်နမ်၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်အဖြစ်ဆက်လက်ရပ်တည်ခဲ့ပြီး ဗီယက်နမ် သည် တရုတ်၏ ခြောက်ခုမြောက်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် Chongqing ကြားပူးပေါင်းဆောင်ရွက်မှုသည် ဗဟိုအဆင့်နှင့် ကုန်သွယ်ရေး အခြေခံအဆောက်အအုံတို့၌ ဗျူဟာမြောက်သဘောတူညီချက်များ၏ပံ့ပိုးမှုကြောင်း တိုးတက်မှု ရရှိလျှက်ရှိကြောင်း သိရပါသည်။ သို့သော် ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့် Chongqing ကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅.၆၈ ဘီလီယံသာရှိခဲ့ပြီး စုစုပေါင်း ဗီယက်နမ်-တရုတ်ကုန်သွယ်မှုနှင့်နှိုင်းယှဉ်ပါက သင့်ရုံမျှသာရှိကြောင်း သိရပါသည်။ ထိုအခမ်း အနားသည် သဘာဝပတ်ဝန်းကျင်နှင့်သင့်လျှော်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များအတွက် Chongqing ၏ ဝယ်လိုအားကြီးထွားလာသောဈေးကွက်သို့ ဗီယက်နမ်၏ SME လုပ်ငန်းများ ဝင်ရောက်ရန် အလားအလာကို မြှင့်တင်ပေးနိုင်ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)