Gazprom ဥက္ကဌ Alexei Miller က Beijing မြို့တွင်ပြုလုပ်သော အဆင့်မြင့် အစည်းအဝေးပွဲမှ ပြန်လာပြီးနောက် ရက်ပိုင်းအတွင်းတွင် ရရှားနိုင်ငံ သမ္မတ Vladimir Putin နှင့်တွေ့ဆုံဆွေးနွေးရန် အတွက် Kremlin သို့လာရောက်ခဲ့ကြောင်း သိရပါသည်။ ရရှားနိုင်ငံ သို့ သဘာဝဓာတ်ငွေ့များတင်ပို့ရန် အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းသည် လည်း သမ္မတကြီး ၏ အစီအစဥ်တွင် ပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် Putin က Miller ကို ၎င်းအနေဖြင့် သဘာဝ ဓာတ်ငွေ့များကို Yamal Peninsula မှတစ်ဆင့် အာရှနိုင်ငံများသို့ ပို့ဆောင်စေ လိုကြောင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းအသစ်အား Mongolia မှတစ်ဆင့်ပို့ဆောင် လို့ရကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။ မကြာသေးမီ အချိန်အထိ ရရှားနှင့် တရုတ်နိုင်ငံကြား အနောက်ဘက်ပိုက်လိုင်းကြောင်း ဟုခေါ်တွင်သော အဆိုပါ ပိုက်လိုင်းသည် ရရှားနိုင်ငံ Altai မှတစ်ဆင့် တရုတ်နိုင်ငံ Xinjiang ပြည်နယ်သို့ သွယ်တန်းရန် စီမံထားကြောင်း နှင့် ယခုအခါတွင် Mongolia သည် သဘာဝဓာတ်ငွေ့ပို့ဆောင်မှု၏ တစ်စိတ်တစ်ပိုင်း အဖြစ်ပါဝင်လာ နိုင်ကြောင်း သိရပါသည်။ Gazprom သည် Bovanenkovo နယ်ပယ်ကို ၎င်း၏ အရန်ငွေ ကုမီတာ ၄.၉ ထရီလီယံဖြင့် လည်ပတ်လျက်ရှိကာ အနီးအနားရှိ Kharasaveyskoye နယ်ပယ်အပါအဝင် Tambey နယ်ပယ်အား ဖွံ့ဖြိုး တိုက်အောင် ဆောင်ရွက်နေကြောင်း နှင့် အခြားသော အဓိကကမ်းလွန်သယံဇာတနယ်ပယ်များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြောင်း သိရပါသည်။ Gazprom သည် ဒေသအတွင်းတွင် လိုင်စင် ၃၂ ခုကို ထိန်းချုပ်ထားပြီး ခန့်မှန်းခြေ သယံဇာတ ကုဗမီတာ ၂၆ ထရီလီယံ ကျော်လွန်နေ ကြောင်းသိရပါသည်။ ယခုအခါတွင် Yamal မှ သဘာဝ ဓာတ်ငွေ့ကို အနောက်ဘက်သို့ ပိုက်လိုင်းမှတစ်ဆင့် တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ပိုက်လိုင်းအသစ်ကို Siberia အားဖြတ်၍ တည်ဆောက်ရန် လိုအပ်ကြောင်း သိရပါသည်။ Gazprom သည် ရရှားနှင့်တရုတ်နိုင်ငံကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရာတွင် အရေးပါသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ရရှားနိုင်ငံ အရှေ့ပိုင်းနှင့် တရုတ်နိုင်ငံ မြောက်ပိုင်းကြားဆက်သွယ်ပေးမည့် ၄၀၀၀ ကီလိုမီတားရှည်လျားသော Power of Siberia ကို တည်ဆောက်နေကြောင်း သိရပါသည်။ အဆိုပါ Power of Sibera သည် ရရှားနိုင်ငံ အရှေ့ဘက်မြို့တော် Blagoveshchensk ကိုဖြတ်၍ တရုတ်နိုင်ငံ Heilongjiang ပြည်နယ်အား သွယ်ထားကြောင်း နှင့် ၎င်း၏ သိုလှောင်နိုင်စွမ်းသည် တစ်နှစ်လျှင် ၃၈ဘီလီယံကုဗမီတာ ခန့်ရှိကြောင်း သိရပါသည်။
The Moscow Times
DOCA(ရန်ကုန်)