ဖိလစ်ပိုင်နိုင်ငံတွင် ယခင်နှစ်လအတွင်း အသားတင်ပို့မှု ၃၃ ရာခိုင်နှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံရပ်ခြားမှ ဝက်သားနှင့် ကြက်သားဝယ်လိုမှုများ မြင့်တက် နေသောကြောင့် ယခုနှစ်ပထမနှစ်လအတွင်းတွင် နိုင်ငံ၏ အသားတင်သွင်းမှုသည်  နှစ်တစ်နှစ်၏ သုံးတစ်ပုံခန့် စုစုပေါင်း ၂၃၀၀၀၀ မက်ထရစ် တန်ချိန် အထိမြင့်တက်ခဲ့ကြောင်း အစိုးရ အချက် အလက်များအရ သိရပါသည်။ တိရိစ္ဆာန်လုပ်ငန်းဦးစီးဌာန (BAI) မှ နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ဖေဖော်ဝါရီလ အတွင်းတွင် ဖိလစ်ပိုင် နိုင်ငံ ၏ အသားတင်သွင်းမှုသည် ၂၃၇၆၈၁ မက်ထရစ် တန်ချိန် အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ယခုအချိန်ကာလတွင် မှတ်တမ်းယူထားသော ၁၇၇၈၁၉ မက်ထရစ် တန်ချိန်နှင့် နှိုင်းယှဥ် လျှင် ၃၃ ရာခိုင်နှုန်း မြင့်တက်လျှက်ရှိကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင် နိုင်ငံရပ်ခြားမှ ဝက်သားအပိုင်းအစများ ၄၄၀၀၀ မက်ထရစ်တန်ချိန်ခန့်၊ ဝက်သုံးထပ်သား ၂၀၃၀၂ မက်ထရစ်တန်ချိန်ခန့်၊ ဝက်ကလီစာ ၄၅၀၀၀ မက်ထရစ်တန်ချိန်ခန့် နှင့် ဝက်အဆီ ၉၄၇၉ မက်ထရစ်တန်ချိန်ခန့် တင်သွင်းမှုများ ရှိခဲ့ကြောင်း သိရပါသည်။ စက်မှု ကုန်သည်များ နှင့် တင်သွင်းသူများက ပြည်တွင်း ဝက်သားထွက်ရှိမှုများ လုံလောက်မှု မရှိသဖြင့် နိုင်ငံ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် နိုင်ငံခြားထောက်ပံ့မှုကို မှီခိုရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က  ဝက်ထီး မွေးမြူ ရေးသမားများအား ၂၀၂၈ခုနှစ်အထိ ကမ္ဘာ့ရောဂါကပ်ဘေး မှ ကာကွယ်ရန်အတွက် ဝက်အကောင်ရေ ၁၄ သန်းခန့်မွေးမြူရန် အတွက် ဝက်ထီးများကို နှစ်စဥ် ၂ သန်းခန့်မွေးမြူရန် တွန်းအားပေးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Tiu Laurel က ပြည်တွင်း ဝက်မွေးမြူရေး တိုးမြင့်ခြင်းသည် နိုင်ငံ၏ ဝက်သားတင်သွင်းမှုကို လျော့ချနိုင်ရန် ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင် နိုင်ငံသားများသည် လက်ဆတ်သော အသာများကိုသာ ကြိုက်နှစ်သက် ကြောင်း  ပြောကြားခဲ့ပါသည်။ BAI အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ကြက်သားတင်သွင်းမှုသည် ယခင်နှစ်တင်သွင်းမှု ၆၃၂၂၁ မက်ထရစ်တန်ချိန် မှ ၇၇၃၁၀ မက်ထရစ်တန်ချိန်ထိ ၅ပုံ တစ်ပုံ တိုးလားကြောင်း သိရပါသည်။ ကြက်သားတင်သွင်းမှု၏ တစ်ဝက်ခန့် ‌‌ဟော့‌ဒေါ့နှင့် အသားမုန့်များ ကဲ့သို့ ထုတ်ကုန်များ ထုတ်လုပ်ရန် အတွက် လိုအပ်သော အဓိကအ‌ရေးပါသည့် ပါဝင်ပစ္စည်း ဖြစ်သော စက်ပစ္စည်းများဖြင့် အရိုးထုတ်ထားသော အသားများ (MDM) ဖြစ်ကြောင်း သိရပါသည်။ BAI အချက်အလက်များကိုအခြေခံ၍ MDM ကြက်သား တင်သွင်းမှုသည် ၄၂၈၈၀ မက်ထရစ်တန်ချိန်ခန့် ရောက်ရှိခဲ့ပြီး ယခင်နှစ် တင်သွင်းမှု ၃၀၅၉၈ နှင့် နှိုင်းယှဥ်လျှင် ၄၀ ရာခိုင်နှုန်း မြင့်တက်နေကြောင်း သိရပါသည်။ နိုင်ငံရပ်ခြားမှ ကြက်အပိုင်းအစများ တင်သွင်းမှုသည် ၁၁၈၆၆ မက်ထရစ်တန်ချိန်ခန့် ရောက်ရှိခဲ့ပြီး ကြက် ပေါင်သားတင်သွင်းမှုသည် ၁၈၆၂၄ မက်ထရစ်တန်ချိန်ခန့် ‌ရောက်ရှိခဲ့ကြောင်း BAI မှဖော်ပြထားပါသည်။ ၎င်းအပြင် နိုင်ငံ၏ အမဲသားတင်သွင်းမှုသည် ၂၄၀၀၅ မက်ထရစ်တန်ချိန် မှ ၃၂၃၈၆ မက်ထရစ်တန်ချိန် အထိ တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နှင့် တင်သွင်းမှုအများစုမှာ အမဲသားအပိုင်းအစ ၂၁၁၅၀ မက်ထရစ်တန်ချိန်ခန့်ဖြစ်ကြောင်း BAI ၏အချက်အလက်များ အရ သိရပါသည်။ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ အသား တင်သွင်းသော နိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး စုစုပေါင်းတန်ချိန် ၁၀၁၃၀၆ မက်ထရစ် တန်ချိန်ခန့် တင်သွင်းခဲ့ ကြောင်းနှင့် အမေရိကန် ဒုတိယအများဆုံး တန်ချိန် ၃၃၉၉၂ မက်ထရစ် တန်ချိန်ခန့် တင်သွင်းခဲ့ ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)