
အမေရိကန်ကားထုတ်လုပ်သူ GM သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ အထိမြင့်မားသော မော်တော်ယာဉ် အခွန်စည်းကြပ်မှု ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက် မှုအတွက် ကြိုးပမ်းနေသောကြောင့် General Motor (GM) သည် ယခုနှစ်အတွက် ၎င်း၏ အမြတ်အစွန်းကိုမျှော်မှန်းချက်ကို လျှော့ချလျှက်ရှိသည်။ အတိုးနှင့်အခွန်များ (EBIT) မတိုင်မီ တစ်နှစ်ပြည့်ချိန်ညှိထားသော ဝင်ငွေများကို ယခုမျှော်မှန်းထားကြောင်း မေလ ၁ ရက်နေ့က GM မှ ပြောကြားခဲ့သည်။ လမ်းညွှန်ချက်တွင်လက်ရှိ အကောက်ခွန်သည် ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံ အထိပါဝင်သည်။ GM ၂၀၂၅ ခုနှစ်တွင် EBIT ကို ၁၃.၇ ဘီလီယံနှင့် ၁၅.၇ ဘီလီယံ ဒေါ်လာကြားတွင်ချိန်ညှိထားသည်။ သမ္မတ Donald Trump က မော်တော်ယာဉ်နှင့် မော်တော် ယာဉ်အစိတ်အပိုင်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းလျှော့ပေါ့ရန် ဧပြီလ ၂၉ ရက်နေ့က အမှု ဆောင်အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ထားသော ခန့်မှန်းချက်များ က ပြည်တွင်းထုတ်လုပ်သူများအား သိသိသာသာ ထိခိုက်စေခဲ့ကြောင်း အေပီသတင်းမှ ဖော်ပြခဲ့ သည်။ ကားထုတ်လုပ်သူများနှင့် အမှီအခိုကင်းသော ခွဲခြမ်းစိတ်ဖြာမှုများ၊ အခွန်စည်းကြပ်မှုများ သည် စျေးနှုန်းများကိုမြှင့်တင်နိုင်ပြီး ရောင်းအားကိုလျှော့ချနိုင်ကာ US ထုတ်လုပ်မှုကို ကမ္ဘာနှင့် အဝှမ်းယှဉ်ပြိုင်မှုနည်းလာစေနိုင်ကြောင်းညွှန်ပြခဲ့သည်။
DOCA(ရန်ကုန်)
Source : Xinhua